Spice and Spell สูตรลับขโมยใจ FHD

Spice and Spell สูตรลับขโมยใจ

Comedy Drama FHD 2023-11-17 5

ဇာတ်လမ်းအကျဉ်းလေးကတော့ “ဘန်လမွန်” လို့ခေါ်တဲ့ ကမ်းခြေမြို့လေးမှာ“မွန်” လို့ခေါ်တဲ့ ကောင်မလေးဦးစီးဖွင့်ထားတဲ့ ရှူးရှဲအသုပ်ဆိုင်လေးကဒေသခံတွေအားပေးတာနဲ့တင် ရောင်းရတာ လက်မလည်ပါပဲ။အကြောင်းအရင်းကတော့ “မွန်” တို့မိသားစု အစဉ်အဆက်မပြတ်ထိန်းသိမ်းလာတဲ့လျှို့ဝှက်ငါးပိလုပ်နည်းနဲ့ စားသုံးသူတွေအပေါ်ထားတဲ့စေတနာကြောင့်ပေါ့။“မွန်” ကတော့ အရေအတွက်ထက် အရည်အသွေးကိုပိုဦးစားပေးတတ်တဲ့သူမျိုးဖြစ်ပြီးဆိုင်ရောင်းအားကောင်းဖို့ထက် စားစရာအရည်အသွေးမကျသွားအောင်ပဲ တစ်နိုင်တစ်ပိုင်ရောင်းချချင်သူပါ။တစ်ဖက်မှာလည်း ဓာတ်ပုံပညာရှင်တစ်ယောက်ဖြစ်တဲ့ “ထို့” က ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပေမယ့်ကိုဗစ်ရောဂါဆိုးကြီးကြောင့် စီးပွါးပျက်ပြီး အကြွေးတွေတင်နေရသူပေါ့။တစ်ရက်မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ နာမည်ကြီး influencer “ဗျူတီး” နဲ့အတူ“မွန်” ရဲ့ဆိုင်လေးကို ရီဗျူးလုပ်ဖို့အသွား ဆိုင်ရှင်ဖြစ်တဲ့ “မွန်” က သဘောမတူဘဲ သဘောထားကွဲလွဲမှုတွေဖြစ်လာတဲ့အခါ ..။