အခုတင်ဆက်ပေးမှာက Disney+ Hotstarက လွှင့်ခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ရသပေါ်လွင်အောင်ရိုက်ကူးထားတဲ့ တမီးလ်ဇာတ်လမ်းတွဲပါဗျ။ဇာတ်လိုက်ကျော်ကတော့ Chennai 600028(2007)မှာ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့မင်းသား ဂျေးပဲဖြစ်ပါတယ်။လူတွေဆိုတာ ဘယ်နေရာက လာလဲဆိုတာအပေါ်မှာ ဂုဏ်ယူတတ်ကြတယ်…ကိုယ့်အတွက် ထိုက်တန်တဲ့ အမြင့်တစ်နေရာကို ဂုဏ်သိက္ခာရှိရှိနဲ့ရယူပြန်တော့လည်းကိုယ်လာခဲ့တဲ့နေရာကို လေးစားကြပြန်ရော…နေထိုင်ကြီးပြင်းခဲ့တဲ့ အရပ်ဒေသပေါ်မူတည်ပြီး လူတစ်ယောက်အပေါ်မှာခွဲခြားဆက်ဆံသင့်ရဲ့လား…ကျွန်တော်နေထိုင်တဲ့နေရာပေါ်မှာ မူတည်ပြီး ကျွန်တော့်ကိုမြင်တဲ့အမြင်တွေက အရမ်းဆိုးရွားတာပဲ…နေတဲ့နေရာကို ကြည့်ပြီး ကျွန်တော့်ကိုတံဆိပ်ကပ်ကြတယ်… နာမည်တပ်ကြတယ်…ကျွန်တော် အဲဒီဒဏ်ကို မခံနိုင်ဘူး… မခံချင်ဘူး…ကျွန်တော် ဘာဖြစ်လာမှ အဲဒီအရာကို ဖယ်ရှားနိုင်မှာလဲ…အဲဒီတံဆိပ်ကြီးကို ခွာချနိုင်မှာလဲ…ငယ်စဉ်ကလေးဘ၀တည်းက ဒီလိုနာကြည်းမှုတွေနဲ့ ပရာဘာတစ်ယောက်သူ့ကို တပ်ထားတဲ့နာမည် သူ့အပေါ်ကပ်ထားတဲ့ တံဆိပ်ကို ခွာချနိုင်ဖို့ကြိုးစားရင်းသူနေတဲ့နေရာရဲ့ နာမည်ဆိုးကိုလည်း ဘယ်လိုဖယ်ရှားမလဲဆိုတာ အားပေးကြည့်ရှုကြပါဦး။