Bookie FHD

Bookie

Comedy FHD 2023-11-30 7.1

HBO Max ထုတ် အပိုင်း ၈ ပိုင်းပါတဲ့ ဟာသစီးရီး ဖြစ်ပါတယ်။မကောင်းမှာတော့ မပူပါနဲ့ ဖန်တီးသူ ၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့Chuck Lorre ဆိုတာ Big Bang Theory တို့ Young Sheldon တို့ကိုဖန်တီးထားတဲ့သူ ဖြစ်နေလို့ပါပဲ။ဒီ စီးရီးကို ကြည့်ရင်း ဘာကို ပြေးသတိရလည်းဆိုတော့တွတ်ပီနဲ့ ဗိုက်ကလေးလို “ဒီနေ့ ကံမကောင်းပါလား” ဆိုတာမျိုးနှစ်ယောက်သား လွဲကြတာကို ပျော်ပျော်ပါးပါး ကြည့်ရမှာ ဖြစ်ပါတယ်။ဒန်နီဆိုတာက ကလေးတစ်ယောက်ပါဆယ်နဲ့စင်ဂယ်မားသားကို ယူထားတဲ့ လောင်းကစားဒိုင်တစ်ယောက်ပါ။သူနဲ့ တွဲဖက်လုပ်နေတာတော့ အမေရိကန်ဘောလုံးကစားသမားဟောင်း ရေးလ် ဖြစ်ပြီးသူကလည်း ကလေးထောက်ပံ့ရေးကြေးတွေ ပေးရ အဖွားကိုပေးရနဲ့ လုံးချာလိုက်နေတဲ့တစ်ယောက်။ဒန်နီက ညီမဖြစ်သူ လိုရိန်းကိုလည်း အွန်လိုင်းတာဝန်ပေးထားပေးမဲ့ တစ်ဖက်တစ်လမ်းက မှိုစိုက်ရောင်းနေတဲ့လူ။ဒီလိုနဲ့ ဒန်နီတစ်ယောက် ဒိုင်တစ်ယောက်ဖြစ်ပေမဲ့ ရစရာအကြွေးတွေလိုက်တောင်းတဲ့အခါ ရဲစိတ်ဝင်စားမှာကို မလိုချင်တော့လူမိုက်တွေလိုမဟုတ်ပဲ မိုက်ကြေးမခွဲပဲ ဘယ်လိုတောင်းမလဲနောက်ပြီး ရုပ်ပြဘော်ဒီပြပြီး ဖြဲခြောက်နေကြရေးလ်နဲ့ အတူတူ လောင်းကစားကြွေးတွေ လိုက်တောင်းကြရင်းဘယ်လိုပေါက်ကရမျိုးစုံ ကြိုးခုန်ကြမလဲဆိုတာ ကြည့်ရမှာပါ။