မာဝင်ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့မိသားစုနဲ့အတူ ကိုးကွယ်နေကြဘုန်းဘုန်းရှိရာ ဆန်တီဆွခ် ဘုရားကျောင်းကို အလည်လာရင်းနဲ့မာဝင်လေးဟာ ခင်ဆိုတဲ့ကောင်မလေးရဲ့အမေရောင်းတဲ့ ကြက်ဥလိပ်ဆိုင်က ကြက်ဥလိပ်သွားဝယ်စားရင်းနဲ့ခင်ရဲ့အဒေါ်ဖြစ်သူ ဆန်ချန်းအသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့နောက်မှာလူကောင်းတွေကို ကယ်တင်ချင်တဲ့စိတ်နဲ့ ရဲဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုချခဲ့ပါတော့တယ်။တကယ်လည်း အသက်ကြီးလာတဲ့အခါမှာ မာဝင်လေးဟာ ရဲဖြစ်လာခဲ့ပြီး လူကောင်းတွေကို ကယ်တင်နေရင်းနဲ့ကြက်ဥလိပ်ဆိုင်က ကောင်မလေးခင်နဲ့ ဘယ်လိုတွေ ပြန်လည်တွေ့ဆုံပြီးတော့အမှုကိုလည်း ဘယ်လိုတွေ အလွဲလွဲအချော်ချော်တွေနဲ့ ဖြေရှင်းဦးမလဲဆိုတာကို စီအမ်ပရိသတ်ကြီး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။