သာယာတဲ့နွေရာသီအစမှာ ကျောင်းတက်ေနတဲ့သာမာန်ကျောင်းသားလေးနှစ်ယောက်ရှ်ိပါတယ်။ထိုကျောင်းသားလေးနှစ်ယောက်ကတော့ မိဘတွေနဲ့တောင်ရင်းနှီးပြီးအချင်းချင်းလည်းခင်မင်ရင်းနှီးကြတဲ့ သရင့်မ်နဲ့နွန်နိုင်းဆိုတဲ့ကျောင်းသားလေးနှစ်ဦးပါပဲ။၀တ္ထုတအားဖတ်တဲ့နွန်နိုင်းကို ကျောင်းသားတစ်ယောက်အနေနဲ့စာဖတ်ဖို့အမြဲပြောဆိုဆူံမနေရတဲ့ သရင်းမ်ဟာတစ်နေ့မှာတော့ မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ ဘယ်သူ့ကိုမှအသိမပေးဘဲ တိတ်တဆိတ်ထွက်သွားခဲ့ပါတော့တယ်။အချင်းချင်းကွဲကွာခဲ့ကြပြီး ငါးနှစ်အကြာမှာတော့ သရင့်မ်ဟာ ကောလိပ်တက်နေခဲ့ပြီးသူ့သူငယ်ချင်းတွေနဲ့အတူ ကဖေးဆိုင်လေးတစ်ဆိုင်ကိုဖွင့်ထားခဲ့ပြီးနွန်နိုင်းကတော့ စာရေးဆရာတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။စာရေးဆရာလေးနွန်နိုင်းတစ်ယောက် ရည်းစားမထားဖူးတာကြောင့် အချစ်၀တ္ထုရေးမရလို့ စိတ်ညစ်နေချိန်ကဖေးဆိုင်ထဲ၀င်ထိုင်ရင်း ကဖေးဆိုင်ပိုင်ရှင်လေး သရင့်မ်နဲ့ပြန်တွေ့ကြတဲ့အချိန်မှာတော့ရင်ခုန်စရာကောင်းတဲ့အချစ်ဇာတ်လမ်းလေးကို နွန်နိုင်းဘယ်လိုရှာတွေ့ခဲ့လဲဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦးနော်။