မုဆိုးဖိုသူဌေးကြီးပါရာမတ်ဟာ ဒုတိယအိမ်ထောင်ပြုတာကြောင့် သမီးဖြစ်သူပင်နဲ့ စကားများခဲ့ရပါတယ်ပင်ကလည်း သူ့မိထွေးရတ်ဒါက အမွေမက်လို့ အဖေနဲ့လက်ထပ်တယ်လ်ု့ ယုံကြည်ထားတာကြောင့်ပါနှလုံးရောဂါသည်ပါရာမတ်က စိတ်ဖိစီးဒဏ်ကြောင့် ဆေးရုံရောက်ချိန်တဖက်မှာလည်း လူငယ်လေးဆောင်ဟာ အလုပ်ကြမ်းလုပ်ရတာကြောင့် နှလုံးဖောက်ပြီး ဆေးရုံတင်ခဲ့ရပါတယ်ကံဆိုးစွာနဲ့ ပါရာမတ်ရဲ့ခန္ဓာဟာ သေဆုံးသွားပြီး ဝိညာဉ်ကတော့ ဆောင်ရဲ့ကိုယ်ထဲရောက်သွားခဲ့ပါတယ်အသက်တစ်ဖန်ပြန်ရခဲ့တဲ့ပါရာမတ်ဟာ ဆောင်ဘဝနဲ့ သူ့နေအိမ်ကိုပြန်သွားခဲ့ရာမှာတော့သူသိသင့်တဲ့အမှန်တရားတွေကို ဘယ်လိုပေါ်ထွက်လာမလဲသူမှားယွင်းခဲ့တဲ့သေတမ်းစာအတွက် ဘယ်လိုအရာတွေကို ပင်တယောက်ခါးစည်းခံနေရမလဲရတ်ဒါကရော အမွေမက်ပြီး ဘယ်လိုအပိုင်သိမ်းဖို့ကြံစည်နေမလဲဆိုတာကတော့“အသက်တစ်ဖန်ပြန်ရသော်” ဇာတ်ကားထဲမှာ စိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်