HACK Crimes Online FHD

HACK Crimes Online

Drama FHD 2023-11-10 4

ဇာတ်လမ်းအကျဥ်းကတော့ ရှက်ခ်သီဆိုတဲ့ ဆင်းရဲတဲ့မိသားစုက မွေးလာတဲ့ ကောင်မလေးတစ်ယောက် ex ဖြစ်သူရဲ့ ဘဏ်အကောင့်ကို ခိုးယူမှုနဲ့ အဖမ်းခံလိုက်ရပါတယ်အဖေဖြစ်သူက ဆုံးပါးသွားပြီး မိသားစုပိုင်ပစ္စည်းတွေကို ဦးလေးဖြစ်သူက လုယူခြင်းလည်း ခံခဲ့ရတာကြောင့် ဆင်းဆင်းရဲရဲနဲ့ NGO ထောက်ပံ့တဲ့ကျောင်းတက်ရင်းအင်တာနက်ကဖေးမှာ အချိန်ပိုင်းအလုပ်တစ်ခု ဝင်လုပ်ခဲ့ပါတယ်… ပရိုဂရမ်းမင်းဘာသာရပ်ကို စိတ်ဝင်စားမိပြီး ဟက်ကာမလေးဖြစ်လာစေခဲ့တဲ့ မြစ်ဖျားခံရာ နေရာပေါ့တစ်ဖက်မှာလည်း တရွေ့ရွေ့တက်လာတဲ့ ဆိုက်ဘာအမှုအခင်းတွေအတွက် အစိုးရက Cyber Crime Task Force ဆိုတဲ့ နည်းပညာကျွမ်းကျင်သူ hacker တွေပါဝင်တဲ့ အဖွဲ့အစည်းကိုဖွဲ့စည်းလိုက်ပြီး…ဖမ်းမိထားတဲ့ ဟက်ကာမလေး ရှက်ခ်သီကို Hackathon လို့ခေါ်တဲ့ နည်းပညာပြိုင်ပွဲတစ်ခု ဝင်ပြိုင်စေရာကနေ ရှက်ခ်သီတစ်ယောက် Hoodie တစ်ထည်ဝတ်လို့ကွန်ပျူတာ စခရင်အမည်းပေါ်မှာ ပဟေဠိဆန်ဆန် အစိမ်းကြောင်းတွေ ထိုင်ရေးရတဲ့ Task Force အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပါတော့တယ်အင်တာနက်ဆိုတာ အသိပညာဗဟုသုတတွေနဲ့ပြည့်၀နေပြီး ဖန်တီးနိုင်စွမ်းတွေကို ထောက်ပံ့ပေးနေတဲ့ သမုဒ္ဒရာကြီးဆိုရင် ဟက်ခ်ကာတွေက အဲဒီသမုဒ္ဒရာကြီးထဲက ငါးမန်းတွေပါပဲတဲ့။ဒီတော့ အဲဒီမကောင်းဆိုးဝါး ငါးမန်းတွေကို ဆိုက်ဘာရာဇဝတ်မှုနှိမ်နှင်းရေးအထူးတပ်ဖွဲ့က ချေမှုန်းနိုင်မှာလားဆိုတာ….။