When I Fly Towards You 当我飞奔向你 FHD

When I Fly Towards You 当我飞奔向你

Comedy Drama FHD 2023-06-13 9

ချစ်ခြင်းက အရာရာကို ပြောင်းလဲပစ်နိုင်ပါတယ်ပိုကောင်းမွန်တာရော ပိုနိမ့်ကျသွားတာမျိုးရော ပေါ့ခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ချစ်ခြင်းနဲ့ထိတွေ့မိပြီးပိုကောင်းမွန်သွားတဲ့အကြောင်းလေးကို ရိုက်ကူးထားတဲ့လူငယ်ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်တော့မိုးဖွဲလေးတွေ ရွာနေတဲ့နေ့လေးတစ်နေ့ မုန့်ဆိုင်လေးတစ်ဆိုင်မှာပေါ့ပါးတက်ကြွတဲ့ စူးကျိုက်ကျိုက်( Zhang Miaoyi)ဆိုတဲ့အထက်တန်းကျောင်းသူလေးတစ်ယောက် မျက်နှာတည်တဲ့ ကောင်လေးနဲ့ ဆုံတွေ့ခဲ့ကြပါတယ်စူးကျိုက်ကျိုက်တစ်ယောက် ဘယ်ကမှန်းမသိတဲ့အဲ့ကောင်လေးကို စစတွေ့ချင်းမှာပင် သူ့ရဲ့ ထူးခြားတဲ့အပြုအမူကြောင့် စိတ်ဝင်စားသွားခဲ့တာအမှန်ပါပဲနောက်တစ်နေ့ ကျောင်းပြန်တက်ရမယ့် အချိန်ကိုရောက်တော့ဟိုတစ်နေ့က တွေ့ခဲ့တဲ့ ကောင်လေးက သူနဲ့တစ်ကျောင်းထဲဆိုတာကိုသိခဲ့ပြီးစူးကျိုက်ကျိုက် တစ်ယောက် စတင်စုံစမ်းပါလေရော….လွဲချော်မှုပေါင်းများစွာနဲ့ နောက်ဆုံးမှာသိလိုက်ရတဲ့ အဲ့ကောင်လေးနာမည်ကတော့ကျန်းလုရန့်(Zhou Yiran)ပါ သူက‌တော့ အထက်တန်းပထမနှစ်ကိုအခန်း၁ မှာတက်နေရတဲ့ စာတော်တဲ့ကျောင်းသားလေးပေါ့အပြင်ပန်းမှာတော့ ယုံကြည်မှုတွေပြည့်ပုံပေါက်နေတဲ့ ကျန်းလုရန့်ကတကယ်တမ်းကျတော့ မိခင်ဖြစ်သူရဲ့ သူ့ညီလေးနဲ့ သူ့အပေါ်နှိုင်းယှဉ်မှုတွေကသူ့ကို ယုံကြည်ချက်တွေ ပျောက်ဆုံးနေစေခဲ့တဲ့ အချက်တွေပါပဲအတော်ဆုံးအခန်းက ကျောင်းသားလေးနဲ့ နောက်ဆုံးတန်းကကျောင်းသူလေးတို့ ဖူးစာပါလာကြတော့ သက်ဆုံးတိုင် အတူတူရှိသွားကြရတာပါပဲစစတုန်းကပြောခဲ့သလိုပဲ ကျန်းလုရန့်တစ်ယောက် စူးကျိုက်ကျိုက်ဆိုတဲ့ကောင်မလေးကို ချစ်မိသွားပြီးနောက်ပိုင်းမှာကောင်းမွန်မှုတွေဆီကို ဦးတည်လာခဲ့ပါတော့တယ်Castတွေက တက်သစ်စလေးတွေဆိုပေမယ့် Inter အထိပါပေါက်ခဲ့တဲ့ဒီကားလေးရဲ့ ထူးခြားချက်နဲ့ ဆွဲဆောင်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကိုကြည့်ချင်တဲ့ ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်‌နော်…အားလုံးပဲ စတင်တွေ့ဆုံမှုအတွက် နောင်တမရဘဲ ကောင်းမွန်တဲ့အရာတွေဆီဦးတည်တဲ့ ချစ်ခြင်းမျိုးကို‌ပေးနိုင်တဲ့ လူသားတစ်ယောက်ကို ပိုင်ဆိုင်နိုင်ကြပါစေနော်……