ရုပ်သံဇာတ်လမ်းတွဲ မင်းသားချော Dheeraj Dhooparရဲ့စီးရီးကောင်းလေးတတွဲကိုတင်ဆက်ပေးလိုက်ပါတယ်။ဘူလ်ဘူလ်တျာဂီဆိုတာ တမြို့လုံးကို နည်းအမျိုးမျိုးနဲ့ပတ်လိမ်နေတဲ့ လူတစ်ယောက်။ချမ်းသာကြွယ်၀တဲ့ဘ၀ကို မသမာတဲ့နည်းနဲ့ရယူဖို့ရာ ကြိုးစားနေတဲ့သူ။သူ လက်ရှိနေထိုင်နေတဲ့မြို့မှာ ဖမ်း၀ရမ်းတွေလည်းအထုတ်ခံရ လိမ်လိုက်တဲ့လူတွေကလည်းလိုက်ရှာနေတာကြောင့် အချီကြီးကြံဖို့အရေး ဘနာရတ်ဆ်မြို့ကိုပြေးပါတော့တယ်။ဘနာရတ်ဆ်ဆိုတာ ဒေလီလို နိုင်ငံရေးတွေနဲ့မြို့ မွမ်ဘိုင်းလို အိပ်မက်တွေနဲ့မြို့မဟုတ်ဘဲအခွင့်အရေးတွေ အလားအလာတွေရှိတဲ့မြို့လို့ ခေါ်ကြတယ်။အဲဒီလိုမြို့ကိုမှ ဘူလ်ဘူလ်တျာဂီတစ်ယောက် အချီကြီးလိမ်ဖို့အရေးကြံဖို့ကြိုးစားနေတုန်းမှာပဲဒီရှာနဲ့ အစ္စဘဲလီထောင်ချောက်ဆင်ထားတဲ့ ရာဇဝတ်မှုမြောက်များစွာနဲ့ဒုက္ခတွင်းကြီးထဲကို သက်ဆင်းမိပါတော့တယ်။ဘူလ်ဘူလ်တျာဂီတစ်ယောက် သူ့အကြံအစည်ပဲ အောင်မြင်အထမြောက်မလားဒုက္ခတောထဲမှာပဲ တဝဲလည်လည်နဲ့ လမ်းပျောက်သွားမလားဆိုတာ။အိန္ဒိယလူလိမ်ရုပ်ရှင်ကားကောင်းတွေလိုပဲ တစ်ယောက်ပေါ်တစ်ယောက် ကွက်ကျော်ရိုက်တာတွေကိုရိုက်ကူးတင်ဆက်ထားတဲ့အတွက် ကြည့်ရှုခံစားကြပါဦး။