အရာရှိဖြစ်ဖို့ UPSC စာမေးပွဲဝင်ဖြေခဲ့ရတဲ့ အဘီလာ့ရှ့်ရဲ့ အခက်အခဲအဖုံဖုံအကြောင်း၂၀၂၁ Season 1 မှာ ကြည့်ရှူခဲ့ပြီးတဲ့ပရိသတ်ကြီးအတွက် Season 2 ထပ်မံထွက်ရှိလာပါပြီဒီမှာတော့ အဘီလာ့ရှ်တစ်ယောက်ဟာ သိပ်လိုချင်ခဲ့တဲ့ အရာရှိရာထူးနေရာကိုရရှိသွားခဲ့ပါပြီဒါပေမဲ့ မကုန်မခန်းနိုင် ပိုမိုခက်ခဲတဲ့ ဘဝအရည်အချင်းစစ်စာမေးပွဲကြီးနဲ့ တစ်ခါနဖူးတွေ့ဒူးတွေ့ကြုံရပြန်ပါတော့တယ်အတူတူခင်မင်ကြီးပြင်းလာပြီး ဘဝအတွက် ကိုယ့်လမ်းကိုယ်ရွေးချယ်ခဲ့ကြတဲ့ SK ဂူရီနဲ့ အဘီလာ့ရှ်တို့ သုံးယောက်သားရဲ့လုပ်ငန်းချင်းနီးစပ်ရာက ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေ ၊ ဌာနအတွင်း ခက်ခဲအားပြိုင်ပြင်းထန်မှုတွေ ၊တာဝန်ကျေအောင်ဆောင်ရွက်ရင်းက ကြုံတွေ့လာရတဲ့ ဘေးပတ်ဝန်းကျင်က စိတ်ရှုပ်စရာတွေ ၊ဖိအားမျိုးစုံရဲ့ ဒဏ်တွေဟာ သူခက်ခက်ခဲခဲဖြေဆိုခဲ့ရတဲ့စာမေးပွဲထက် ခက်ခဲနေချိန်မှာတော့…ဒီအခက်အခဲတွေ ဘယ်လိုကျော်လွှားပြသွားမလဲ ခံစားကြည့်ပါဦး