ဒီလကတော့ ပိုင်လုကားနှစ်ကားတောင် ကြည့်ရတာမို့ပိုင်လုဖန်တွေအတွက် အဖိုးတန်လလေးပါပဲဒီတစ်ခါပြသမဲ့ကားလေးကတော့ ရည်မှန်းချက်ကြီးတဲ့ဘုရင်မတစ်ယောက်ဘုရင်နဲ့အတူတူမြေမြုပ်ခံရပြီးမှ တဖန်ပြန်နိုးထလာပြီးကံကြမ္မာကိုပြန်ပြောင်းလဲမဲ့အကြောင်းကို ရိုက်ကူးထားတာပါနန်းကျဘုရင်မ ကျန်းရွှယ်နင်ရည်မှန်းချက်ကြီးပြီး အမြင့်ဆုံးအာဏာရာထူးတွေကို မက်မောတဲ့ဘုရင်မကျန်းရွှယ်နင်တစ်ယောက် တိုင်းပြည်တိုက်ခိုက်ခံရပြီးဘုရင်ပါအဆိပ်ခတ်ခံလိုက်ရချိန်မှာ သူပါဓားစာခံအနေနဲ့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတော့တယ်သူ့တစ်ဘဝလုံး ဘေးနားကလူတွေကိုအသုံးချပြီး အာဏာရအောင်ကြိုးစားခဲ့ပေမဲ့အဆုံးမှာတော့ တစ်မြို့လုံးလည်း သတ်ဖြတ်ခံရသူလည်းဘုရင်နဲ့အတူမြေမြှုပ်ခံရပြီး ဘဝအဆုံးသတ်ခဲ့ရပါတယ်သူ့ဘဝကို ဒီလိုဖြစ်အောင် ကျူးကျော်သတ်ဖြတ်ခဲ့သူကတော့ ရှဲ့ဝေးပါဒါပေမဲ့ သူ့ကံကြမ္မာကိုပြန်ပြင််ဆင်ဖို့ ဒုတိယအခွင့်အရေးရခဲဲ့ပါတယ်သို့သော်လည်း သူနောက်တစ်ကြိမ်ပြန်နိုးထချိန်မှာတော့ ကိစ္စအားလုံးကိုသူရှုပ်ထွေးအောင် လုပ်ပြီးနေပါပြီ နန်းတော်ထဲမဝင်ဖို့ သစ္စာဆိုထားပေမဲ့သူအမုန်းဆုံးရှဲ့ဝေးနဲ့နန်းတော်ဆီ မဖြစ်မနေပြန်ပက်သက်ရမဲ့ကိစ္စတွေ ဖြစ်ပါ်လာချိန်မှာတော့….သူဘယ်လိုဖြေရှင်းမလဲ?အရင်ဘဝကလိုမဖြစ်အောင် ဘယ်လိုရှောင်မလဲ?အမုန်းဆုံးလူနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာ ဇာတ်ကားထဲသာ စောင့်ကြည့်လိုက်ကြပါ