အန်ဒါနဲ့ လီ့ဆာတို့က မိဘမဲ့ဂေဟာတစ်ခုက မိဘမဲ့မိန်းကလေးတွေဖြစ်ပြီးဂေဟာရှင်အမေကို ကူကာ အငယ်လေးတွေကိုထိန်းကျောင်းပေးနေကြသူတွေပါဂေဟာသူလေးတွေဖြစ်ပေမဲ့ အန်ဒါနဲ့လီဆာရဲ့အကျင့်စရိုက်တွေက ကွာခြားလွန်းလှပါတယ်တစ်ရက် အန်ဒါက မိဘမဲ့မဟုတ်ဘဲ သူဌေးမဖြစ်သူရမီတာလိုက်ရှာနေတဲ့သမီးဖြစ်သူမှန်းသိရချိန်မှာတော့ အန်ဒါ့နေရာကို လိမ်ယူလိုက်ပါတော့တယ်ထို့အတူ အနွန်နဲ့ဖင်မ်ဆိုတဲ့ကောင်လေးနှစ်ယောက်ကလည်းမိဘတွေကြောင့် အရင်းနှီးဆုံး ပြိုင်ဘက်တွေဖြစ်နေရတဲ့သူနှစ်ယောက်ပေါ့အန်ဒါနဲ့တွေ့ဆုံရင်း နှစ်ယောက်လုံးက သဘောကျသွားချိန်မှာတော့ ပြိုင်ဆိုင်မှုတွေ ဘယ်လိုဖြစ်လာမလဲအဖေ့ဆီက မေတ္တာတွေမရခဲ့မှုကြောင့် အေးစက်နေတဲ့ အနွန်နဲ့ နွေးထွေးတဲ့ ဖင်မ်တို့ကြား အန်ဒါကရော ဘယ်သူ့ကိုရွေးချယ်မလဲကိုမာဝင်သွားခဲ့တဲ့ ဖင်မ့်အဖေနဲ့ကုမ္ပဏီတွင်းရှုပ်ထွေးမှုတွေ၊လီဆာရဲ့ လိမ်လည်မှုမပေါ်အောင် အကောက်ကြံမှုတွေနဲ့သူတို့လေးယောက်ရဲ့ဘဝတွေက ဘာတွေဆက်ဖြစ်လာမလဲဆိုတာ” အချစ်၏လှည့်ကွက်များ” ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်