Documentaryကောင်းကောင်း ငတ်မွတ်တောင့်တနေသူတွေအတွက်Netflixကနေ ရေကြည်တစ်စက်ပတ်ဖြန်းလိုက်ပါပြီ။အိန္ဒိယတောင်ပိုင်းရဲ့တောတောင်တွေကို အုပ်စိုးတဲ့တရားမဝင်အမဲလိုက်သမားကနေအိန္ဒိယရဲ့အကြီးမားဆုံးရာဇဝတ်ကောင် စန္ဒကူးမှောင်ခိုသမားတစ်ဖြစ်လဲတောဘုရင်ကြီးတစ်ယောက်ကို လိုက်လံဖမ်းဆီးခဲ့တဲ့အကြောင်းပေါ့။သူ့ရဲ့မိသားစုမိတ်ဆွေတွေရဲ့ အမြင်၊လိုက်လံဖမ်းဆီးခဲ့တဲ့ အရာရှိတွေရဲ့အမြင်၊တပည့်တပန်းတွေရဲ့အမြင်တွေကို လိုက်လံမေးမြန်းထားတာတွေ။သူ့အပေါ် သစ္စာရှိတဲ့လူအပေါ်မှာ သူ့အသက်ကိုစတေးလိုက်ဖို့ဝန်မလေးသလို သစ္စာဖောက်တဲ့လူကိုလည်းရက်ရက်စက်စက်သတ်ဖြတ်တတ်တယ်ဆိုတဲ့ နှလုံးလှလူမိုက်ကြီး။အစိုးရအာဏာပိုင်တွေဘက်က သမိုင်းမှာအဆိုးဝါးဆုံးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ပေမယ့်ရွာသူရွာသားတွေက ဘုရားလိုကိုးကွယ်ကြပြန်ရော။ပြည်နယ်နှစ်ခုပေါင်းပြီး လိုက်လံဖမ်းဆီးပေမယ့်လည်း ဆယ်စုနှစ်ကြာလွတ်မြောက်ထွက်ပြေးနိုင်ခဲ့သူကြီး။အိန္ဒိယရဲ့သမိုင်းမှာ ကာလအရှည်ကြာဆုံးနဲ့ ကုန်ကျစရိတ်အများဆုံး လိုက်လံဖမ်းဆီးခဲ့ရတဲ့ ရာဇဝတ်ကောင်ကြီး။“မူသူး နင့်ကိုငါ လက်ထပ်မလို့တွေးနေတာ နင်ရောဘယ်လိုလဲ”“နင်မှငါ့ကို မယူရင် ငါ့နှလုံးသားကိုလည်း ကျောက်စိုင်ကျောက်ခဲအဖြစ်ထားလိုက်တော့မယ်တစ်သက်လုံး တခြားမိန်းမကိုရှာမှာမဟုတ်တော့ဘူး”ဆိုတဲ့ ဒရာမာကင်းကြီးလည်းဖြစ်ပြန်ရော။သူ့နာမည်က ဗီရပ်ပန်တဲ့။ဗီရပ်ပန်ဘ၀ရဲ့ အတက်အကျအနိမ့်အမြင့်တွေ၊ ကြင်နာတတ်မှုတွေနဲ့ ရက်စက်မှုတွေကိုအပိုင်းလေးပိုင်းနဲ့တစ်၀ကြီးခံစားကြည့်ရှုလိုက်ပါဦး။