အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ Dylan Wang နဲ့ Bai Lu တို့ရဲ့ချိုချိုမြိန်မြိန်ရိုမန့်တစ်ဇာတ်လမ်းလေး ထွက်ရှိလာပါပြီနော်။ထက်မြက်ပြီး အလုပ်ကြိုးစားတဲ့ ဂျာနယ်လစ်မလေး ကျန်းစူးယီ။သူမအလုပ်လုပ်နေတာကတော့တရုတ်နိုင်ငံရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုမှာဖြစ်ပါတယ်။အလုပ်ကောင်းကောင်းတစ်ခုရှိပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုပိုင်ဆိုင်ထားသူပါ။ငယ်ရွယ်တဲ့စီးပွားရေးလုပ်ငန်းရှင်သူဌေးလေး ရှီယန်။သူဟာစူးယီရေးတဲ့ဘဏ္ဍာရေးဆောင်းပါးတွေကိုဖတ်ပြီးမတူညီတဲ့အမြင်ရှုထောင့်နဲ့ ရှင်းလင်းတဲ့တင်ပြချက်ပုံစံတွေကိုသဘောကျနေသူပါ။အသက်ငယ်ပေမယ့် စီးပွားရေးလောကမှာနာမည်ကြီးတဲ့ ရှီယန်ကိုစူးယီတစ်ယောက် အင်တာဗျူးဖို့ကြိုးစားရာကနေ သူတို့နှစ်ဦး ရင်းနှီးဖို့အစဖန်လာပါတော့တယ်။ဂျာနယ်လစ်မလေးနဲ့ လုပ်ငန်းရှင်သူဌေးလေးတို့ဘယ်လိုနီးစပ်သွားကြမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်လိုက်ကြပါဦး။