Daily Dose of Sunshine 정신병동에도 아침이 와요 FHD

Daily Dose of Sunshine 정신병동에도 아침이 와요

Drama FHD 2023-11-03 9

အဓိကပါဝင်သွားမှာဖြစ်သလို စုစုပေါင်းအပိုင်း ၁၂ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။အရင်က ကိုယ်တွင်းအင်္ဂါကုဌာနမှာပဲလုပ်ခဲ့ဖူးတဲ့ သူနာပြုဆရာမလေး Jung Da Eun ..တစ်နေ့မှာတော့ မြောင်ရှင်းတက္ကသိုလ်ဆေးရုံက စိတ်ရောဂါကုဌာနဆီ ပြောင်းရွှေ့ခံလိုက်ရပါတော့တယ်။ ပထမဆုံးအတွေ့အကြုံလည်းဖြစ်သလို သာမန်ဝေဒနာရှင်တွေလိုမျိုး ကိုယ်ခံစားနေရတဲ့ဝေဒနာကိုသေချာမပြောပြနိုင်ကြတဲ့လူနာတွေနဲ့ကြုံတွေ့လာရတဲ့အခါ ဘယ်လိုအလွဲတွေ အမွှေတွေဖြစ်ဦးမလဲ ..။“အရိုးကျိုးရင် အရိုးအထူးကုဆီသွားပြကြပြီး အအေးမိရင် ဆေးသောက်လိုက်ကြပေမယ့် စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်တဲ့အခါမှာတော့ လူတော်တော်များများက ကိုယ့်ပင်ပန်းမှုတွေကိုထုတ်ပြောပြီးအကူအညီမတောင်းတတ်ကြသလို ဆေးကုသမှုခံယူဖို့လည်း သတိမရတတ်ကြပါဘူး။တစ်စုံတစ်ယောက်ရဲ့အကူအညီကိုရယူတာက တကယ့်ကိုကောင်းမွန်တဲ့အရာဖြစ်ကြောင်းပြချင်လို့ဒီကားလေးကိုရိုက်ကူးဖြစ်ခဲ့တာပါ” ဆိုတဲ့ ဒါရိုက်တာကြီးရဲ့ပြောစကားအရ စိတ်ဝေဒနာရှင်တွေကိုဖေးမကူညီပေးသွားကြမယ့် မြောင်ရှင်းတက္ကသိုလ် စိတ်ရောဂါကုဌာနကဆရာဝန်တွေ နဲ့သူနာပြုတွေရဲ့နွေးထွေးကြင်နာမှုတွေကို တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲအညွှန်းကိုတော့ Lai Laii မှရေးသားပေးထားပါတယ်….