ဆေးပညာအသိုင်းအဝိုင်းကနေမွေးဖွားလာတဲ့ Gu Yun Zheng လို့ခေါ်တဲ့လူငယ်လေးဟာ ဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင်တစ်ဦးလည်းဖြစ်တဲ့အပြင်နိုင်ငံတွင်း အငယ်ဆုံး အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ် ။သူက ဉာဏ်ကောင်းကာ ချောမောပြီး ဆေးရုံမှာဆို ဆွဲဆောင်မှု့အရှိဆုံးဆရာဝန်တစ်ယောက်ဖြစ်ပါတယ် ။အဲဒီလိုချောမောပြီး ဉာဏ်ကောင်းလွန်းတာကြောင့် သူကောလိပ်တက်နေစဉ်ကတည်းကမိန်းကလေးတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးလည်း ဖြစ်ခဲ့ရပြန်ပါတယ် ။ ဒေါက်တာကုရဲ့ တစ်ဘဝစာ ရည်မှန်းချက်ပန်းတိုင်ကတော့ ” လူငယ်အာရုံကြောခွဲစိတ်ဆရာဝန်တွေကိုပေးအပ်တဲ့ Wang Zhong Cheng ဆုတံဆိပ်” ကိုရရှိဖို့ပါတဲ့ ။ဒါပေမဲ့ သူအာဖရိကမှာအလုပ်လုပ်နေစဉ်အတောအတွင်းမှာပဲ ဒေါက်တာကုဟာMBBS ပဉ္စမနှစ်ကျောင်းသူလေး Su Wei An လို့ခေါ်တဲ့ သူ့ဘဝရဲ့ချစ်ခြင်းမေတ္တာလေးနဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ Su Wei An မှာကအချိန်မရွေးသေသွားနိုင်တဲ့အထိပြင်းထန်တဲ့ ရှားပါးရောဂါတစ်မျိုး Huntingtonရောဂါဝေဒနာ (မွေးရာပါ အာရုံကြောအားနည်းတဲ့ရောဂါ) ကို ခံစားနေရတဲ့သူပါ။ဒေါက်တာကုတစ်ယောက် သေခြင်းတရားနဲ့ရင်ဆိုင်နေရတဲ့ချစ်သူအတွက်ဘယ်လိုမျိုး သေခြင်းတရားနဲ့တိုက်ခိုက်သွားမလဲဆိုတာ ၊ ကုမရတဲ့ရောဂါဝေဒနာကနေကောင်မလေးကိုကယ်တင်ဖို့ ကံကြမ္မာနဲ့ အချိန်တွေကိုဘယ်လိုဆန့်ကျင်တိုက်ခိုက်သွားမလဲဆိုတာကို ရသခံစားမှုပေါင်းများစွာနဲ့စိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေး ဖြစ်တာကြောင့်စောင့်ကြည့်ဖို့ မမေ့ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင့် ။