The Matchmakers 혼례대첩 FHD

The Matchmakers 혼례대첩

Comedy Drama FHD 2023-10-30 10

ရိုးရာမပျက် ဂယက်တစ်သိန်း ထဦးမယ့် Rowoon နဲ့ All of Us Are Dead ထဲကအလှလေး နမ်ရာ Cho Yi Hyun တို့ရဲ့ နန်းတွင်းကားလေး လာပါပြီSim Jung Woo (Ro Woon)က ဉာဏ်ရည်ထက်မြက်ပြီး ခန့်ညားတဲ့လူငယ်တစ်ယောက်ပါ။ဉာဏ်ကောင်းတာကြောင့် အသက်အငယ်ဆုံးထူးချွန်သူအဖြစ် ပြည်နယ်စာမေးပွဲမှာ ပထမတန်းနဲ့ အောင်ခဲ့ပါတယကံကောင်းလွန်းတဲ့ Sim Jung Woo က ဘုရင့်သမီးတော် မင်းသမီးတစ်ပါးရဲ့ခင်ပွန်းလောင်းအဖြစ်လည်း ရွေးချယ်ခံရပါသေးတယ်ဒါပေမဲ့ ထိမ်းမြားမယ့်နေ့မှာပဲ မင်းသမီးလေး နတ်ရွာစံသွားတာကြောင့် Sim Jung Woo ရဲ့ဘဝဟာ မုဆိုးဖိုပေါက်စဖြစ်သွားခဲ့ရပြီး ဂျိုဆွန်းခေတ်ရဲ့ ဓလေ့ထုံးစံအရ အစိုးရရာထူးကိုမယူနိုင်တော့သလို နောက်အိမ်‌ထောင်လည်း မပြုနိုင်တော့တဲ့ ကံအဆိုးဆုံးလူသားဖြစ်သွားပါတော့တယ်Jung Soon Deok (Cho Yi Hyun)က‌တော့ ပထမတန်း ဒုဝန်ကြီးရဲ့ဒုတိယသားကို လက်ထပ်ထားတဲ့ မိန်းကလေးပခင်ပွန်းကွယ်လွန်သွားတော့ မုဆိုးမဖြစ်သွားခဲ့ရပြီး Yeo Joo Daek ဆိုတဲ့ နာမည်နောက်တစ်ခုနဲ့အမျိုးသမီး အလှအပပစ္စည်းတွေ‌ရောင်းကာ အောင်သွယ်တော်လည်း လုပ်ရင်း ဘဝကို ပုံစံနှစ်မျိုးနဲ့ လျှို့ဝှက်စွာ ဆက်ရှင်သန်ခဲ့ပါတယ်တစ်နေ့မှာတော့ ကံဆိုးသူ မုဆိုးဖိုပေါက်စလေးနဲ့ မုဆိုးမပေါက်စလေးတို့ ပေါင်းမိသွားပြီးဟန်ယန်းမြို့က လူပျိုကြီး၊အပျိုကြီးနဲ့ လူငယ်လူလွတ်တွေကို အောင်သွယ်ပေးဖို့ဖြစ်လာပါတော့တယ်ဒီကားလေးက အလွဲအနွှဲလေးတွေနဲ့ ကြည့်ရမယ့် Historical Rom Com series လေးမို့ နန်းတွင်းကားကိုမှပေါ့ပေါ့ပါးပါး သဘောကျသူတွေ အကြိုက်တွေ့စေမှာ သေချာပါတယ်