ဟန်အီဂျူက ဟန်ဝူးလ်ဘဏ္ဍာရေးလုပ်ငန်းစုရဲ့ ဥက္ကဌဖြစ်သူဟန်ဂျင်ဝန်းတို့ဇနီးမောင်နှံရဲ့ မွေးစားသမီးဖြစ်ပါတယ်။မွေးစားသမီးဆိုတဲ့အတိုင်းပဲ အီဂျူက မိဘတွေဆီကနေရောညီမလေးဟန်ယူရာဆီကနေရော အချစ်မခံရပါဘူး။အီဂျူရဲ့ ခင်ပွန်းသည်ကတော့ ဂျောင်ဆယ်ဟျော့…တစ်နေ့မှာတော့ ခင်ပွန်းသည်ဂျောင်ဆယ်ဟျော့ တကယ်ချစ်တဲ့သူကသူမဟုတ်ဘဲ သူ့ညီမဆိုတဲ့ အမှန်တရားကို သိလိုက်ရပြီးနောက်ပြေးထွက်သွားရင်း ကားတိုက်ခံလိုက်ရပါတယ်။ပြန်နိုးလာတဲ့အချိန်မှာတော့ ဂျောင်ဆယ်ဟျော့နဲ့လက်မထပ်ခင်အချိန်ကို ပြန်ရောက်နေပါပြီ။ကလဲ့စားချေချင်စိတ် ပြင်းပြနေတဲ့ အီဂျူတစ်ယောက်ဂျောင်ဆယ်ဟျော့နဲ့ စေ့စပ်ထားတာကိုလည်း ဖျက်သိမ်းလိုက်ပြီးညီမဖြစ်သူ လက်ထပ်ချင်နေတဲ့ ထယ်ဂျာလုပ်ငန်းစုရဲ့မြေး ဆောဒိုဂုကို ချဉ်းကပ်ပါတော့တယ်။ဆောဒိုဂုနဲ့ ဟန်အီဂျူတို့နှစ်ယောက် ပူးပေါင်းပြီး ဘယ်လိုမျိုးကလဲ့စားချေသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးကလဲ့စားဒရမ်မာလေးကိုမှ fantasy လေး နှောထားတာဖြစ်လို့ အလောင်တစ်လိုင်းကိုမှကြိုက်နှစ်သက်ကြသူတွေအတွက် အကြိုက်ဖြစ်ဦးမှာ အမှန်ပါပဲ။Main Cast တွေအဖြစ် Sung Hoon , Jung Yoo Min , Jin Ji Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။စုစုပေါင်းအပိုင်း ၁၆ ပိုင်း ပါဝင်မှာဖြစ်ပြီး အပတ်စဉ် စနေ ၊ တနင်္ဂနွေနေ့တိုင်း ပြသသွားမှာပါ။