1993-2004 ကထွက်ခဲ့တဲ့ Fraiser sit-coms ရဲ့ နောက်ဆက်တွဲ sitcomစီးရီးဖြစ်ပါတယ်။ Fraiser စီးရီးက ၂၀၀၀ ခုနှစ်အစောပိုင်းကထွက်ခဲ့တဲ့နာမည်ကြီး sitcom စီးရီးတွေထဲမှာ Friend, The Office.Fresh Princeof Bel-air စတဲ့ sitcoms တွေနဲ့ အပြိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။နာမည်ကြီးဒေါက်တာဖရေဆာခရိန်းရဲ့ တီဗီအစီအစဉ်တင်ဆက်သူဘဝကို sitcomsဇာတ်လမ်းတွဲအဖြစ် ဖန်တီးထားပြီး Ratiing တွေမှာဆိုလည်း ၈.၅ အထိရခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။အခုထွက်ရှိလာတဲ့ Fraser စီးရီးက ဖခင်နေရာကို ရောက်လာတဲ့ ဖရေဆာခရိန်းဟာ ချီကာဂိုက နာမည်ကြီးတီဗီ အစီအစဉ်တင်ဆက်သူဘဝကနေအနားယူပြီး သားရှိတဲ့ နယူးယောက်မြို့ကိုရောက်လာပါတယ်။ မပြေလည်သေးတဲ့ သားအဖေနှစ်ယောက်ကြား ဆက်ဆံရေးကိုပြေလည်အောင်ညှိနှိုင်းရင်း သူငယ်ငယ်ကတက်ခဲ့တဲ့ ဟားဗက်တက္ကသိုလ်မှာ လက်ချာဆရာဖြစ်လာတဲ့ အခါမှာ..ဘဝအသစ်တစ်ဖန်ပြန်စရင်း ဖရေဆာခရိန်းတစ်ယောက် sitcomsလောကထဲကို ပြန်ဝင်လာခဲ့ပါပြီ။Sitcoms ဇာတ်လမ်းတွဲတွေကို ကြည့်နေကြဆိုရင်တော့ ဒီဇာတ်လမ်းတွဲကလည်း သေချာပေါက်စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းထဲမှာပါပြီး၊ ဖရေဆာခရိန်းကြီးရဲ့ စကားလုံးအသုံးအနှုန်းအပြောအဆိုတွေက တစ်ခွန်းဆိုတစ်ခွန်းထိထိမိမိရှိပြီး ရယ်စရာ Dad Jokes တွေအပြည့်ပါဝင်နေပါတယ် …