Buddha (လောကကို အလင်းဆောင်သူ) FHD

Buddha (လောကကို အလင်းဆောင်သူ)

Documentary Drama History FHD 2013-09-08 9.25

ဒီ ဇာတ်ကားကတော့ အာ့းလုံးသိပြီးသားဖြစ်တဲ့ ဒရာမာ၊ အက်ရှင်၊ သည်းထိတ်ရင်ဖို စတဲ့ ရသအားလုံးကို ပေးစွမ်းနိုင်ပြီး၊ ဗုဒ္ဓဘာသာဝင် လူသားတိုင်း အပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့ “Buddha” (ဗုဒ္ဓ)ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ အဲဒီလို ဇာတ်ကားမျိုး ဆန်ဆန် ဟောလိဝုဒ်က ဖန်တီးရိုက်ကူးထားတဲ့ “Little Buddha” ဆိုတဲ့ ဇာတ်ကားလည်း ရှိခဲ့ဖူးပေမယ့် “Little Buddha” ဇာတ်ကားက ဗုဒ္ဓရဲ့ဖြစ်စဉ်ကိုအနောက်တိုင်းအမြင် ရှုထောင့်ကနေ ပုံဖော်ထားတာမို အကျဉ်းချုံး လောက်သာ ခံစားခွင့် ရခဲ့ပါတယ်။အခု ဘောလိဝုဒ်က ဖန်တီးတင်ဆက်ထားတဲ့ “Buddha” ဇာတ်ကားကတော့ ဗုဒ္ဓဖြစ်စဉ်နဲ့ ဘုရားရှင် ဖြစ်ပြီးနောက်ပိုင်း လောဘ၊ ဒေါသ၊ မောဟတွေ အတိနဲ့ လောင်မြိုက်နေကြတဲ့ လူသားတွေ အပေါ်တရားဓမ္မနဲ့ ကယ်ချွတ်ခဲ့တဲ့ ဖြစ်စဉ် တွေကိုပါ အသေးစိတ် အကျယ်တဝင့် ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို 5 Series ရုပ်သံလိုင်းကနေ လွှင့်ထုတ်ပြသ နေတာဖြစ်ပြီး လူကြိုက်များလာတဲ့အတွက် အပိုင်းလိုက် စုစည်းထားတဲ့ အခွေတွေလည်း ထွက်ရှိလာ ခဲ့ပါတယ်။ဘုရားလောင်း ဖွားမြင်ပြီးချိန်က စလို ဘုရားဖြစ်တဲ့ အချိန်ထိ ရိုက်ပြသွားတဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဗုဒ္ဓရဲ့ ဖြစ်စဉ် တခုတည်း အပေါ် အခြေခံပြီး ဗုဒ္ဓအကြောင်းကိုသာ ဇောင်းပေး ရိုက်သွားတာမျိုး မဟုတ်ဘဲလူသားတွေဆီမှာ ဖုံးလွှမ်းနေတဲ့ အတ္တ၊ မာန၊ လောဘ၊ ဒေါသ၊ မောဟ၊ မစ္ဆရိယစိတ် စတဲ့ ကိလေသာ စိတ်အညစ်အကြေးတွေကို သတိသံဝေဂ ရနိုင်အောင် ဖန်တီးပြထားတဲ့ အပြင် မြတ်နိဗ္ဗာန်သို သွားရာလမ်းစဉ်ကိုပါ ဒီဇာတ်ကားနဲ့ ညွှန်ပြပေးထား တာကလည်း ကျေနပ်ပီတိ ဖြစ်စရာ ကောင်းလှပါတယ်။ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင်တွေ ဖြစ်ကြတဲ့ ဘုရားလောင်းသိဒ္ဓတ္ထ၊ မင်းကြီး သုဒ္ဓေါဒန၊ မယ်တော်မာယာ၊ မိထွေးတော် ဂေါတမီ၊ ယသော်ဓရာ၊ ဒေဝဒတ်၊ ဒေဝဒတ်ရဲ့ အဖေနဲ့အမေ စတဲ့ သူတွေရဲ့စိတ်နေစိတ်ထားတွေကို ပုံဖော်ရာမှာလည်း သူ့ Character နဲ့သူ ထိမိအောင် ပုံဖော်နိုင်ခဲ့တဲ့ အပြင် ဗုဒ္ဓရဲ့ Dialogue အခန်း တော်တော်များများ မှာ လေးနက်ထိရှတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ပြည့်ဝမှုကလည်း ကြည့်ရှုသူ ပရိသတ်ရဲ့ စိတ်ဉာဏ်အလင်းကို လင်းပွင့်လာအောင် ဖွင့်ပေးနိုင်ခဲ့ပါတယ်။အဓိက ဇာတ်ဆောင် နှစ်ဦးဖြစ်တဲ့ ဗုဒ္ဓနဲ့ ဒေဝဒတ်တိုရဲ့ အားပြိုင်မှု ဇာတ်ဝင်ခန်း တွေကလည်း ဒီဇာတ်ကားရဲ့ အသက်သွေးကြော တခုပါပဲ။