Lessons in Chemistry FHD

Lessons in Chemistry

Drama FHD 2023-10-12 7.6

ဒီတစ်ခါမှာတော့ ပရိတ်သတ်ကြီးတို့ကို “Captain Marvel” မင်းသမီး“Brie Larson” အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ (2023)ခုနှစ်ထွက်“Lessons in Chemistry”ဆိုတဲ့ စီးရီးကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။1951ခုနှစ်ကို အခြေတည်ထားတာဖြစ်တဲ့အတွက် အဲ့ဘက်ခေတ် အပြင်အဆင်မျိုးကို ကြိုက်တဲ့သူတွေ ကြည့်ချင်လောက်မဲ့စီးရီးမျိုးပါ။ စာရေးဆရာမ BonnieGarmusရဲ့ ကျော်ကြားခဲ့တဲ့ “Lessons in Chemistry”ဆိုတဲ့ ဝတ္ထုစာအုပ်ကိုအခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ မင်းသမီး Brie Larsonကို အဲ့ဘက်ခေတ် အပြင်အဆင်လေးနဲ့မြင်ရတာ အတော်မိုက်ပါတယ်။ထိုခေတ်ထိုအခါက အမျိုးသမီးသိပ္ပံပညာရှင်တွေ ရှိပေမဲ့ ရှားတဲ့ခေတ်လို့ဆိုရမှာပါ။ကျွန်တော်တို့ရဲ့အဓိကဇာတ်ကောင် အဲလိဇဘက်ဇော့ဟာ ဓာတုဗေဒမှာ မာစတာဘွဲ့ရထားပြီး ပါရဂူဘွဲ့ရတွေထက်တောင် အရည်အချင်းသာလွန်ပေမဲ့ ကျား/မခွဲခြားဆက်ဆံတတ်တဲ့ အထက်လူကြီးရဲ့ အယောင်ပြဖိန့်လုံးဖြစ်တဲ့ “ပါရဂူဘွဲ့မရထားဘူး”ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်မှာရာထူးတိုးပေးခြင်းမခံရတဲ့အပြင် လုပ်ဖော်ကိုင်ဖက်တွေဆီကနေပါ အတွင်းရေးမှူးသာသာဆက်ဆံတာကို ခံနေရသူပါ။တစ်နေ့တော့ သူ့အရည်အချင်းကို သတိထားမိပြီး အသိအမှတ်ပြုပေးတဲ့ အလုပ်ထဲက ကြယ်ပွင့် ဓာတုဗေဒပညာရှင်ကယ်လ်ဗင်အီဗန်နဲ့ မထင်မှတ်ဘဲ သိကျွမ်းခဲ့ရာကနေ သူ့ရည်မှန်းချက်ကို ယုံကြည်ပံ့ပိုးကူညီပေးမဲ့သူရှာတွေ့ခဲ့ပါတော့တယ်။ IMDbRating 7.9 နဲ့ ခရမ်းချဉ်သီး (81)လုံးရရှိထားတဲ့ စီးရီးလေးဖြစ်တာမို့ ကြည့်ကောင်းမယ်ဆိုတာကတော့ အသေအချာမဟုတ်လား၊ ကဲ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။

အပိုင်းများ

Season - 1