လော့ချင်းလျန်ဟာ အားကိုးရတဲ့ခင်ပွန်းကောင်းတစ်ယောက်ရှာပြီးဘဝကိုအေးအေးချမ်းချမ်းနေသွားချင်တဲ့မိန်းကလေးတစ်ယောက်ပါ။ဒါပေမယ့် လော့ချင်းလျန်က မင်းသားကြီးရဲ့တတိယသားဟယ်လျန်ရှင်းရဲ့ကိုယ်လုပ်တော်ဖြစ်လာခဲ့ပါတယ်။သူဟာဒီအာဏာလုတဲ့အရှုပ်အထွေးတွေကြားက လွတ်မြောက်ချင်ပေမယ့်အချိန်ကြာလာတဲ့အမျှဟယ်လျန်ရှင်းဟာ သူထင်သလိုဆိုးရွားတဲ့သူမဟုတ်ပဲပြည်သူတွေကိုဂရုစိုက်တဲ့လူကောင်းတစ်ယောက်ဆိုတာသိလိုက်ရတဲ့အခါမှာတော့ ဟယ်လျန်ရှင်းဘေးမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုနဲ့ သူတို့နှစ်ယောက်ဟာအာဏာလုပွဲကိုအတူတူရင်ဆိုင်ကြရင်းအချစ်တွေပိုတိုးလာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာတော့ ထိုင်ဝမ်မင်းသားကြီး Peter Hoကဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ထားပါတယ်။