Scent of Time  为有暗香来 FHD

Scent of Time 为有暗香来

Drama FHD 2023-10-13 8.3

ရှေးခေတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လာပါပြီ။ဒီကားလေးကတော့အချစ်ဇာတ်လမ်းအပြင် မိန်းကလေးတစ်ယောက်အမှားတွေကိုပြင်ဆင်ပြီးကြီးပြင်းရင့်ကျက်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဟွာချန်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူ့ကိုမချစ်တဲ့ကျုံးယဲ့လန်ဆိုတဲ့သူအတွက်အမှားတွေအများကြီးလုပ်ခဲ့ဖူးတယ်။နောက်ဆုံးမှာသူ့ရဲ့မိသားစုအိုးအိမ်ပါပျက်စီးရတဲ့ထိဖြစ်ခဲ့တယ်။ကံကြမ္မာအလှည့်အပြောင်းဖြစ်လာတဲ့အချိန်မှာ ဟွာချန်ကရုတ်တရက်နိုးလာတော့သူကကျုံးယဲ့လန်နဲ့လက်ထပ်တဲ့မင်္ဂလာဦးညကိုပြန်ရောက်သွားခဲ့တယ်။ကံကြမ္မာတစ်ပတ်ပြန်လည်လာတဲ့အခါ ဟွာချန်ကအရင်ကအတိုင်းအမှားတွေနောက်တစ်ခါပြန်မဖြစ်အောင် ပြန်လည်ပြင်ဆင်ရင်ကြိုးစားနေထိုင်လာခဲ့တယ်။သူ့ဘေးမှာရှိတယ်မိသားစုနဲ့မိတ်ဆွေတွေကိုပိုပြီးအလေးထားလာခဲ့တယ်။လမ်းမှားကိုရောက်ခဲ့တဲ့မိသားစုဟာလဲ တဖြည်းဖြည်းနဲ့လမ်းမှန်ပြန်ရောက်လာခဲ့တယ်။အဲဒီလိုလမ်းမှန်ရောက်ဖို့ကြိုးစားနေတဲ့အချိန်အတောအတွင်းမှာ ပဟေဠိတွေဟာတဖြည်းဖြည်းနဲ့အဖြေပေါ်လာခဲ့ပြီး သူ့ကိုအရိပ်တစ်ကြည့်ကြည့်နဲ့စောင့်ရှောက်ပေးနေခဲ့တဲ့ ကျုံးရှီးဝူကိုသတိထားမိလာခဲ့ပြီးသူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးဟာ စတင်လာပါတော့တယ်။