Hidden Love 偷偷藏不住 FHD

Hidden Love 偷偷藏不住

Drama FHD 2023-06-20 8.8

ဆယ်ကျော်သက်အရွယ်ဟာ နှလုံးသားကနေ ဖြူစင်တဲ့စည်းချက်မြည်တီးနေတဲ့ ရင်ခုန်စရာနေ့ရက်တွေဖြစ်ပါသတဲ့ဒီလိုပဲ အသက်၇နှစ်ကွာတဲ့ သွမ်ကျားရွှီဟာ ၁၃နှစ်အရွယ်စန်းကျီ‌ရဲ့ အချစ်ဦးပါတဲ့ကြောင်နဲ့ကြွက်လို မတည့်အတူနေ မောင်နှမနှစ်‌ယောက်-စန်းရန်နဲ့စန်းကျီစန်းကျီရဲ့အစ်ကိုဖြစ်သူ စန်းရန်ဟာ သွမ်ကျားရွှီနဲ့ငယ်ပေါင်းသူငယ်ချင်းရင်းတွေဖြစ်ပါတယ်၊ဒီလိုနဲ့ စန်းရန်အပြင်လစ်ပြီး ဂိမ်းဆော့တဲ့အချိန်ကျောင်းသူလေးစန်းကျီကိုထိန်းကျောင်းဖို့ဟာကိုကိုသွမ်ကျားရွှီတာဝန်ဖြစ်လာပါတော့တယ်၊ထိန်းကျောင်းဖို့ဆိုတာထက် စန်းကျီနဲ့အတူ ‌ပေါက်တက်ကရလိုက်မွှေပေးဖို့ဆို ပိုမှန်ပါလိမ့်မယ်ဒါပေမဲ့ အချစ်ဦးဇာတ်လမ်းတွေမှာ ဖြောင့်ဖြူးခြင်းဆိုတာမရှိစမြဲပါပဲ၊သို့သော် နိဂုံးတော့မဟုတ်ခဲ့ပါဘူး…အခြေအနေအမျိုးမျိုးကြောင့်အချိန်အကြာဝေးကွာပြီးတဲ့မှသူတို့နှစ်ယောက်ပြန်ဆုံတွေ့တဲ့ခါ…အထက်တန်းပြီးလို့ တက္ကသိုလ်ကျောင်းသူလေးဖြစ်နေတဲ့စန်းကျီတစ်ယောက် ကိုကိုသွမ်ကျားရွှီမျက်လုံးထဲမှာကလေးလေးအဖြစ်ပဲဆက်ရှိနေဦးမလား…သွမ်ကျားရွှီရဲ့အလိုလိုက်နွေးထွေးမှုတွေကသကြားခဲလေးကို သကာရည်ပြောင်းလဲစေမလားဆိုတာ…