Golden Boy FHD

Golden Boy

Drama Family FHD 2022-09-23 8.87

ဇာတ်လမ်းကတော့ Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေတရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့‌ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါKorhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက်မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါ့အပြင် Halis Korhan ဟာ သူ့မွေးရပ်မြေကို အလွန်တန်ဖိုးထားသူဖြစ်တာကြောင့်သူကြီးပြင်းရာ Gaziantep မြို့မှာနေထိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့သာ သူ့မြေးကို နေရာချပေးချင်တာပါ။ဒီလိုနဲ့ Gaziantep မြို့မှာနေတဲ့ ကောင်မလေးနဲ့ Ferit တို့ တွေ့ဆုံကြပြီး ကြည်နူးဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်လာပါတယ်။ဇာတ်ကောင်တိုင်းက စိတ်ဝင်စားစရာကောင်းတဲ့အပြင် ဇာတ်ဝင်ခန်း အပြင်အဆင်များကိုလည်းBudget ကောင်းကောင်းသုံးစွဲရိုက်ကူးထားတာဖြစ်တဲ့အတွက် မျက်စိပေဒေသာလည်း ဖြစ်ရဦးမှာပါ။အချိန်ပေးကြည့်ရှုသင့်တဲ့ စီးရီးလေးဖြစ်တဲ့အတွက် ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်ဗျာ။

အပိုင်းများ

Season - 1