Beckham FHD

Beckham

Documentary FHD 2023-10-04 8.643

ဘက်ခမ်းရဲ့ ဘောလုံး ပဉ္စလက်တွေက သူ့ရဲ့ အမြင်ရှိမှုအပေါ်မှာလည်း သက်ဆိုင်နေတယ်။ ဘောလုံးပေးပို့မှုတစ်ချက်တည်းနဲ့ ပြိုင်ဘက်အသင်းကို ခြောက်ခြားစေတယ်ဆိုတာမျိုးကတော်ရုံကစားသမားတွေလုပ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး။ သူ့ရဲ့ ဖြတ်တင်ဘောတွေက သာမန် အမြင့်ဝဲဘောလုံးတွေမဟုတ်ခဲ့ဘူး။ တိုက်စစ်မှူးကို ပါးလိုက်တဲ့ အချစ်ကဗျာလှလှလေးတွေဟုတ်သလိုတဖက်ခံစစ်အတွက် သေမိန့်တွေလည်းဟုတ်ပြန်တယ်။ကွင်းတွင်းမှာတင်မကဘူး ဘက်ခမ်းဟာ ကွင်းပြင်ပမှာလည်း အတော်ကိုနာမည်ကြီးခဲ့တယ်။ သူ့ရဲ့အထာ သူ့ရဲ့ဟန်ပန်တွေက မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ နေရာယူခဲ့တယ်။ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဆိုတာအဲဒီခေတ်ရဲ့ ကမ္ဘာ့နာမည်အကြီးဆုံး စုံတွဲလို့ပြောရင်တောင် မှားမယ်မထင်ဘူး။ ဒီလိုနဲ့သူတို့ရဲ့ ချစ်လမ်းခရီးဟာ ဘက်ခမ်းဘဝရဲ့ မှော်ဝင်မှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်။ဒီ ဘက်ခမ်း Documentary ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ ကစားသမားဘဝ၊ လူနေမှုဘဝ အနိမ့်အမြင့် အတက်အကျတွေအားလုံးကို သေချာအသေးစိတ်ကျကျရိုက်ကူးပြထားတယ်။ အမှတ်တရအချို့ငြိစွန်းဖူးတဲ့သူတွေကတော့ အင်တာဗျူးမှာပါတဲ့ လူတွေကိုကြည့်ရင်း လွမ်းမျက်ရည်တချို့လည်မိမှာပေါ့လေ။ ဘက်ခမ်းရဲ့ စုတ်ချက်လှလှတွေကို ပြန်ခံစားချင်တဲ့သူတွေအတွက်ဖြစ်ဖြစ် ဘက်ခမ်းကိုမသိမမီလိုက်တဲ့သူတွေအတွက်ဖြစ်ဖြစ် ဒီစီးရီးဟာ အတော်ကို အရသာရှိလိမ့်မယ်လို့ အာမခံပါတယ်။

အပိုင်းများ

Season - 1