မြေခွေးမိစ္ဆာ နဲ့ သူနဲ့ဘဝအဆက်ဆက်ချစ်ကြိုးသွယ်ခဲ့တဲ့မိန်းကလေးတို့ဟာဒီဘဝမှာတော့ မိစ္ဆာနဲ့ မိစ္ဆာဖမ်းသူအဖြစ်ပြန်လည်တွေ့ဆုံကြပါတယ်။စူးရှောင်ဟွမ်ဟာ လောကဓံအမျိုးမျိုးကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရပြီးဘဝကို အကြောတင်းတင်းဖြတ်သန်းနေသူပေါ့။ သူမဟာနန်းတော်ထဲကိုဝင်ပြီးမြေခွေးမိစ္ဆာရဲ့အပါးမှာခစားဖို့ဖြစ်လာခဲ့ပြီးမထင်မှတ်ထားစွာပဲ ဒီဘဝမှာလည်းမြေခွေးမိစ္ဆာကိုထပ်ချစ်မိသွားတဲ့အခါ…သူတို့နှစ်ယောက်မေတ္တာမျှတဲ့ဘဝတိုင်းမှာ သူမရဲ့သေဆုံးခြင်းနဲ့ပဲအဆုံးသတ်လေ့ရှိပြီး အဲ့ဒါဟာ ကျိန်စာတစ်ခုဖြစ်နေတဲ့အခါ….ဒီဘဝမှာရော မြေခွေးမိစ္ဆာဟာသူချစ်တဲ့မိန်းကလေးကိုကာကွယ်ပေးနိုင်ပါ့မလား။ကျိန်စာပျက်ပြယ်အောင်လုပ်နိုင်ပါ့မလား။