Athidhi అతిథి FHD

Athidhi అతిథి

Drama Mystery FHD 2023-09-19 8.3

သရဲကားတို့၊ ထိတ်လန့်သည်းဖိုတို့ကြိုက်တဲ့သူဆိုရင် “Athidhi” ဆိုတဲ့ ဒီအိန္ဒိယစီးရီးလေးကို လက်လွှတ်မခံဖို့ပြောချင်ပါတယ်ဇာတ်လမ်းက လှည့်ကွက်တွေလည်းများပြီး အတော်လေးလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်ဇာတ်လမ်းကတော့ နေမကောင်းဖြစ်နေတဲ့ဇနီးသည်နဲ့အတူ လင်မယားနှစ်ယောက်တည်းနေထိုင်တဲ့ လူပြတ်လတ်တဲ့နေရာကအိမ်ကြီးဆီကို ညဘက်ကြီးမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေရောက်လာတာကနေ အစပျိုးထားပါတယ် ပထမဆုံးမာယာဆိုတဲ့မိန်းကလေးဟာ မိုးရေတွေစိုရွှဲနေပြီးအလုပ်ကိစ္စနဲ့လာရင်း ညနက်တာကြောင့် မိန်းကလေးတစ်ယောက်တည်း အန္တရာယ်များတဲ့အတွက် အိမ်မှာခဏလောက် မိုးခိုဖို့တောင်းဆိုလာပါတယ်နောက်ထပ်ရောက်လာတဲ့သူကတော့ သရဲဖမ်းတဲ့ဗီဒီယိုတွေရိုက်တဲ့ youtuber ကောင်လေးဖြစ်ပြီး သရဲခြောက်တဲ့နေရာကိုသွားရင်း သူ့နောက်ကိုသရဲလိုက်လာတဲ့အတွက် ခဏလောက်အိမ်မှာနေခွင့်ပေးဖို့ တောင်းဆိုလာတာပါ ဒီကောင်လေးရောက်လာပြီးတဲ့နောက်မှာတော့ အိမ်မှာထူးဆန်းတာတွေစပြီးဖြစ်ပေါ်လာပြီး နောက်ဆုံးမာယာဆိုတဲ့ မိန်းကလေးကို သရဲဝင်ပူးပါတော့တယ်ညဘက်ကြီး သရဲဝင်ပူးနှောင့်ယှက်ခံရတဲ့ သူတို့သုံးယောက် ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရောဘယ်လိုမသိနိုင်တဲ့အဖြစ်အပျက်တွေရှိနေနိုင်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ စောင့်ကြည့်ပေးကြပါဦးနော်

အပိုင်းများ

Season - 1