ဒီစီးရီးကတော့ အပိုင်း ၃ ပိုင်းပါဝင်ပြီး ဂျွန်ဝစ်ရုပ်ရှင်တွေထဲက နာမည်ကြီး ကွန်တီနန်တယ် ဘုံနယ်မြေဟိုတယ်တွေအပေါ် အခြေခံထားတာပါ။ဝင်စတန် တစ်ယောက် စီးပွားရေးလူလည်ဘဝကနေ ရာဇဝတ်လောကထဲရောက်လာပြီး ဟိုက်တေဘယ် အထက်ကောင်စီနဲ့ ရင်ဆိုင်ရပုံတွေကို ပြထားတာပါ။ အတိုက်အခိုက်ခန်းတွေကတော့ ဂျွန်ဝစ်ထဲကတိုင်း ကြမ်းကြမ်းတမ်းတမ်းပါပဲ။ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းအောင် တည်ဆောက်ထားတာမို့ အားလုံးကြိုက်ကြမှာပါ။ တစ်ပိုင်းကို တစ်နာရီခွဲမို့ ရုပ်ရှင်လို ကြည့်ရမှာပါ။ တစ်ပတ်တစ်ပိုင်းနဲ့ သုံးပိုင်းလာပါလိမ့်မယ်။ ဖရန်ကီနဲ့ ဝင်စတန်ဟာ ညီအစ်ကိုနှစ်ယောက်ပါ။ ငယ်ငယ်ကတည်းက မိဘမဲ့ အိမ်ခြေရာမဲ့ဖြစ်ခဲ့ပြီး အမှုတစ်ခုကြောင့် ဖရန်ကီ ထောင်ကျသွားပါတယ်။ ညီဖြစ်တဲ့ ဝင်စတန်ကတော့ လန်ဒန်မှာ ငွေကြေးဆိုင်ရာစီးပွားရေးနဲ့ အောင်မြင်နေပါပြီ။ တစ်နေ့မှာတော့ ဝင်စတန်ကို လူမိုက်တစ်စုက နယူးယောက်ကို ဖမ်းခေါ်လာပြီး သူ့အစ်ကို ဖရန်ကီကို လိုက်ရှာခိုင်းပါတယ်။ အကြောင်းကတော့ဖရန်ကီက အဖွဲ့အစည်းတစ်ခုဆီက အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခုကို ခိုးသွားလို့ပါပဲ။ ဖရန်ကီခိုးမိတဲ့အဖွဲ့က အထက်ကောင်စီဖြစ်နေတဲ့အခါ ညီအစ်ကိုနှစ်ယောက်ကို လူသတ်သမားတွေ အုပ်လိုက်ကြီး လိုက်သတ်ပါတော့တယ်….