မပြည့်စုံတဲ့လူငယ်ဘဝမှာ မိသားစုအရေး ဘဝတိုးတက်ရေးအတွက်ကြိုးစားကြရင် ချစ်ခြင်းတွေနဲ့ဘဝရဲ့အဓိပ္ပါယ်ကိုဖော်ဆောင်ကြတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။အသက်နှစ်ဆယ်ကျော်အရွယ်မှာ ရွှီယောက်ဟာစီးပွားရေးလုပ်တာမအောင်မြင်ပဲ အကြွေးပင်လယ်ဝေခဲ့ပြီး ချစ်သူနဲ့လမ်းခွဲခဲ့ရတယ်။ချစ်သူရဲ့အကြောင်းပြချက်မရှိစွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ယွီကျားအိန်ဟာ သူ့ကိုယ်သူလုပ်ငန်းခွင်မှာပဲနှစ်မြှုပ်ထားခဲ့တယ်။ အကြောင်းအကြောင်းကြောင့် ဇာတိမြေကိုပြန်လာတဲ့အချိန်မှာသူတို့နှစ်ယောက်ဟာမထင်မှတ်ပဲပြန်ဆုံတွေ့လိုက်ရတဲ့အချိန်မှာဝမ်းနည်းခြင်း၊ မုန်းတီးခြင်းတွေနဲ့ဖြစ်နေကြပေမယ့်အချစ်လက်ကျန်တွေကတော့ ရင်ထဲတစ်နေရာမှာရှိနေကြတုန်းပါပဲ။သူတို့တွေဟာဘဝအခက်အခဲတွေအမျိုးမျိုးကြုံတွေ့ကျော်ဖြတ်ခဲ့ရပြီးဘဝရဲ့လှပခြင်းတွေကိုပြန်လည်ဖော်ဆောင်နိုင်လာခဲ့ကြတာကို ခံစားကြည့်လိုက်ရအောင်နော်