Black Sands (Svörtu Sandar) FHD

Black Sands (Svörtu Sandar)

Crime Drama FHD 2021-12-25 4.333

ဇာတ်လမ်းအကျဉ်းကတော့ အာနီတာဆိုတဲ့ ရဲအမျိုးသမီးဟာ မြို့ကြီးကနေ မရောက် တာကြာပြီဖြစ်တဲ့ မွေးရပ်ကျေးလက်က မြို့လေးဆီကို တစ်ကျော့ပြန် ပြန်လာခဲ့ပါတယ်။ သူ မြို့လေးကိုပြန်‌ရောက်ရောက်ချင်းမှာပဲ ကမ်းခြေမှာ ခရီးသွားအမျိုးသမီးတစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ သူလည်း အဲအမှုကို ရဲစခန်းနဲ့အတူလိုက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ သူတို့မြို့လေးဟာ နာမည်ကြီး ခရီးသွားလာရေးနေရာဖြစ်တာမို့ ခရီးသွားတွေ အများအပြားလာကြပါတယ်။ ဒါပေမယ့် ခရီးသွားတွေ မတော်တဆ သေဆုံးမှု၊ ပျောက်ဆုံးမှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။အဆိုပါအမှုတွေ ကြားမှာ ဘယ်လိုဆက်စပ်နေမလဲ၊ အာနီတာကရော ဘာအကြောင်းကြောင့်မရောက်တာကြာပြီ ဖြစ်တဲ့ မြို့လေးကို ပြန်လာရသလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်ပြီးကြည့်ရှု့လိုက်ပါဦး။