အအေးခန်းကားမောင်းသမားက မီးဖွားတော့မယ်ဇနီးအတွက်အလုပ်ကို ပုံမှန်ထက် ပိုပြီးကြိုးစားကာ ပိုက်ဆံရှာနေတဲ့ ဒရိုင်ဘာတစ်ယောက်ပါနေ့မအိပ်ညမအိပ်ကားမောင်းပြီး အိမ်တောင် မပြန်နိုင်ရှာတဲ့ သူဟာ စိတ်သဘောထားလဲပြည့်ဝသူဖြစ်ပြီးအလုပ်ကိုလဲ သေသေချာချာစီစီစစ်စစ် လုပ်နိုင်သူဆိုလဲ မမှားပါဘူး….ဒါပေမဲ့ သူသတိလက်လွတ်နဲ့ ပြီးစလွယ်လက်ခံလိုက်မိတဲ့ကုန်ပို့လက်ခံမှုတခုမှာ မထင်မှတ်ထားတဲ့ ပြဿနာတခုနဲ့ကြုံလိုက်ရတဲ့အခါ…ပြဿနာကတော့ သူ့ကားရဲ့အအေးခန်းထဲမှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ မိန်းကလေးတဦးရဲ့အလောင်းပါလာတာပဲဖြစ်ပါတယ်….ဒီအလောင်းကို ဘယ်သူလာထည့်သွားတာလဲ…ဒီအလောင်းက ဘယ်သူများလဲဘာအတွက်ကြောင့် သေဆုံးရတာလဲ ဘယ်သူသတ်တာလဲ နောက်ကွယ်မှာဒီအလောင်းကိုလာတင်သွားသူကရော ဘယ်သူလဲ စတဲ့ အတွေးတွေး မေးခွန်းပေါင်းများစွာနဲ့ တပိုင်းပြီးတပိုင်းplot twistတွေ စီးမျောသွားအောင် ဆွဲဆောင်နိုင်မယ့် စီးရီးကောင်းတခုမလို့ တင်ဆက်ပေးလိုက်ရပါတယ်