၂၀၀၀ ခုနှစ်အတွင်း GMP ဆေးသုတေသနဓာတ်ခွဲခန်းကြောင့် ရွာသားတွေ အဆိပ်မိမှုဖြစ်ပွားခဲ့တာမို့ ကူးစက်ရောဂါအထူးကုဒေါက်တာက အမိန့်စာနဲ့ ဓာတ်ခွဲခန်းကိုပိတ်ဖို့ကြိုးစားခဲ့ပါတယ်ဒီအချိန်မှာပဲ ဓာတ်ခွဲခန်းပေါက်ကွဲခဲ့ပြီး အထူးကုရော သူရဲ့ဇနီးဖြစ်သူ သုတေသနဆရာဝန်ပါမီးလောင်မှုမှာသေဆုံးခဲ့ရတယ်နှစ်၂၀ ကျော်ကြာပြီးနောက် ဆရာဝန်နှစ်ဦးရဲ့သားဖြစ်သူ ခွန်ခေါင်ဟာအဖေဖြစ်သူလို ကူးစက်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီးအာဖရိကနိုင်ငံတွေမှာကူးစက်နေတဲ့ အီဘိုလာရောဂါကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တယ်ကျိန်ကျီရာကတော့ နာမည်ကြီးသတင်းထောက်ပျိုလေးဖြစ်ပြီးဒေါက်တာခွန်ခေါင့်ကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်တာဗျူးချင်နေတဲ့သူတစ်ယောက်ပေါ့လက္ခဏာဆန်းတွေနဲ့သေဆုံးသူတွေ နောက်ထပ်ရှိလာချိန်မှာတော့ဒေါက်တာခွန်ခေါင်ဟာ နောက်ကွယ်ကအကြောင်းအရာကိုရှာဖွေဖို့ကြိုးစားပါတော့တယ်သတင်းလိုချင်နေတဲ့ ကျိန်ကျီရာကလည်း ခွန်ခေါင်နောက်လိုက်ခဲ့ရင်းသူတို့နှစ်ယောက် ဒီဖြစ်ရပ်တွေနောက်မှာ ဘာအန္တရာယ်တွေရင်ဆိုင်လာရမလဲရောဂါဆန်းရှာဖွေရေးခရီးစဥ်မှာ နှလုံးသားရေးရာလေးတွေ ပါဝင်လာချိန်မှာတော့ကျိန်ကျီရာ ၊ခွန်ခေါင်၊ မင်တရာ၊ ထီထတ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ