Harlan Coben's Shelter FHD

Harlan Coben's Shelter

Crime Drama Mystery FHD 2023-08-17 8.188

သည်းထိတ်ရင်ဖိုနဲ့ လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေရေးတဲ့ အမေရိကန် စာရေးဆရာ Harlan Cobenရဲ့ “Shelter”ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ စီးရီးလေးလာပါပြီ။ ဆယ်ကျော်သက်ကျောင်းသားတစ်စုရင်ဆိုင်ရမဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကို အခြေတည်ထားတာမို့ ဒါမျိုးပုံစံကြိုက်တတ်တဲ့သူတွေအတွက် အရမ်းကြည့်ကောင်းမဲ့စီးရီးလေးပါ ဆယ်ကျော်သက်ကောင်လေးမစ်ကီဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့်အဖေကိုဆုံးရှုံးခဲ့ရပြီး အမေကိုလည်းဆုံးရှုံးလုဆဲဆဲအခြေအနေမှာ အဒေါ်ဖြစ်သူရဲ့ယာယီအုပ်ထိန်းမှုနဲ့ သူ့အဖေနေခဲ့တဲ့ ခက်ဆယ်လ်တန်က အထက်တန်းကျောင်းကို ပြောင်းလာရပါတယ်။ ခက်ဆယ်လ်တန်၊ ဟိုဘာ့လမ်းကသရဲခြောက်တဲ့အိမ်ကြီးတစ်ကြီးမှာ လင်းနို့မိန်းမကြီးနေတယ်လို့ ယုံတမ်းပုံပြင်တွေရှိပါတယ်။ တစ်ရက်ကျ အဲဒီမိန်းမကြီးနဲ့ မထင်မှတ်ဘဲဆုံလိုက်ရတဲ့ တခဏမှာ လင်းနို့မိန်းမကြီးက “မစ်ကီ မင်းအဖေ မသေသေးဘူး အသက်ရှင်နေသေးတယ်”ဆိုပြီး ပြောလိုက်တော့ အဲဒီကတည်းကနေ မစ်ကီဟာ သူ့အဖေတကယ်ရောသေလို့လားဆိုတဲ့ သံသယတွေဝင်လာပြီး အဲဒီလင်းနို့မိန်းမကြီးနဲ့ထပ်တွေ့ရဖို့ကြိုးစားပါတော့တယ်။ထူးခြားတာတွေက ဒါတင်ပဲမဟုတ်သေးပါဘူး။ ကျောင်းပထမဆုံးတက်တဲ့နေ့ကသူနဲ့ခင်ခဲ့တဲ့ ကောင်မလေးဟာ စာမလာအကြောင်းမကြား၊ ချိန်းထားတဲ့နေရာကိုလည်းမလာဘဲ နောက်တစ်နေ့မှာပဲ ပျောက်ချင်းမလှပျောက်သွားပါတယ်။ ကောင်မလေးဟာ သူ့အကြောင်းဘယ်သူမှရေရေရာရာမသိဘဲ တည်ရှိမှုတစ်ခုလုံးပျောက်သွားသလိုမျိုးကို ဖြုတ်ခနဲပျောက်သွားတာပါ။ အဲလိုနဲ့ မစ်ကီဟာ လင်းနို့မိန်းမကြီးကိုရော အဲဒီကောင်မလေးကိုပါ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ရှာပုံတော်ဖွင့်ပြီးစုံစမ်းပါတော့တယ်။ မထင်မှတ်ထားတဲ့ဇာတ်လမ်းလှည့်ကွက်တွေနဲ့ မစ်ကီတို့ကျောင်းသားသုံးယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။

အပိုင်းများ

Season - 1