Depp V Heard FHD

Depp V Heard

Documentary FHD 2023-05-21 6.5

ထွေထွေထူးထူးတော့ ပြောနေဖို့ လိုမယ်မထင်ပါဘူး … ကလေးအစ ခွေးအဆုံး သိနေတဲ့ နာမည်ကျော် မင်းသားကြီး Johnny Depp နဲ့ ဇနီးဟောင်း Amber Heard တို့ရဲ့ Lawsuit အကြောင်း Documentary ပါ။ အကျဉ်းချုပ် ပြောရရင်တော့ 2018 ခုနှစ်တုန်းက The Washington Post မှာ ” သူဟာ အိမ်တွင်းအကြမ်းဖက်ခံနေရသူ တစ်ယောက်ပါ ” ဆိုပြီး Amber က Johnny Depp ကို သွယ်ဝိုက်ပြောဆိုခဲ့တယ်။ ဒါကို Johnny Depp ဘက်က အသရေဖျက်မှုနဲ့ Amber Heard ကို တရားစွဲတယ်။ ဒါကို တဖန်ပြန်ပြီး Amber Heard က သူ့ကို လူလိမ်လို့ စွပ်စွဲပါတယ်ဆိုပြီး အသရေဖျက်မှုနဲ့ တစ်ဖက်ကို တရားပြန်စွဲတယ်။ ဒီ Trial ကို ခင်ဗျားတို့ ကျွန်တော်တို့ အပါအဝင် ကမ္ဘာတစ်ဝန်းက လူပေါင်းစုံ စိတ်ဝင်စားခဲ့ပြီး ရလဒ်ကိုလည်း သိခဲ့ကြပြီးဖြစ်ပါတယ်။ ဒီ Docu မှာတော့ Trial ရဲ့ အသေးစိတ်နီးပါးကို တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီတော့ အလိုက်သိလှတဲ့ Netflix က စီစဉ်ပေးထားတဲ့ ဒီ Docu ကို စပ်စုရင်း မေတ္တာပို့လိုက်ကြပါဦး။

အပိုင်းများ

Season - 1