လူတော်တော်များများက ပရလောကကို မရှိဘူးလို့ ယုံကြည်ထားတဲ့ခေတ်ကြီးမှာ ပရလောကရဲ့ဒဏ်ကိုခံလိုက်ရပေမဲ့ မိမိပြောတာတွေကို နားထောင်ပေးမယ့်မရှိတဲ့သူတွေအတွက် ဒီ အီလိုင်းရော့ဆိုတဲ့ ပရိုဂျူဆာက ဒီ မှတ်တမ်းစီးရီးကို ရိုက်ကူးခဲ့တာပါ။ တကယ်တော့ ဒီစီးရီးထဲမှာ ပါဝင်တဲ့လူအများစုကလည်း ပရလောကဖြစ်တည်မှုကို မယုံကြည်ကြပေမဲ့ တကယ်ကြုံတွေ့ပြီး လွတ်မြောက်အောင်လုပ်လာခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဒီစီးရီးထဲမှာဆို သူတို့တွေ ပရလောကနဲ့ ဘယ်လိုဆက်နွယ်မိတာလဲ… သူတို့လူမှုရေး စီးပွားရေးတွေမှာ ဘယ်လောက်ထိနစ်နာခဲ့ရလဲ… ဘယ်လိုတွေ ကျော်ဖြတ်ခဲ့ရလဲ… ဒီလိုလွတ်မြောက်ပြီးနောက်ရော သူတို့ဘဝဘယ်လိုတွေပြန်လည်တည်ဆောက်ရလဲ… ဆိုတာကို တစ်ပိုင်းဆိုတစ်ပိုင်း ပညာသားပါပါ မှတ်သားစရာတွေအပြည့်နဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းစီးရီးကောင်းလေးဖြစ်ပါတယ်။