နှလုံးသားရဲ့ရင်ခုန်သံတွေက ဆယ်ကျော်သက်တိုင်းရဲ့စိတ်မှတ်ဉာဏ်မှာ တစ်စိတ်တစ်ပိုင်း နေရာယူထားစမြဲပါပဲ…ဒီတစ်ခါမှာတော့ ကျောင်းသားအရွယ်ဘဝကို ပြန်တမ်းတစေမဲ့လူငယ်ဒရာမာလေးကို CMက တင်ဆက်ပေးလိုက်ပါပြီနော်လင်းယွီကျင့်ဟာ မိဘနှစ်ပါးရဲ့ကွာရှင်းမှုအပြီးမှာတော့ ဖခင်နဲ့အတူမြို့သစ်တစ်မြို့ကို လိုက်ပါခဲ့ရပြီး ကျောင်းလည်းပြောင်းခဲ့ရပါတယ်၊မိခင်သစ်ဖြစ်သူမှာ “ဖုမင်ရှိုး”လို့ခေါ်တဲ့ သားတစ်ယောက်လည်း ရှိပြီးကိုယ်စီကိုယ်စီမာန်မာနနဲ့၊တစ်ဦးတည်းသော သားသမီးတွေလည်းဖြစ်တော့အမြဲလိုလို အတိုက်ခံအချေအတင် ဖြစ်နေရပါတော့တယ်။နောက်ဆုံးမှာတော့ စိမ်းကားပြီး သူစိမ်းဆန်တဲ့ နေရာသစ်မှာလင်းယွီကျင့်တစ်ယောက် နွေးထွေးရာရပ်ဝန်းလေးကို ခြေလှမ်းမိပါတော့တယ်။ကျောင်းမှာ အနိုင်ကျင့်သူလို့နာမည်ကျော်တဲ့ ရှန်ကျွမ်နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ…အချင်းချင်း အမြင်စောင်းနေတဲ့ဆက်ဆံရေးကနေ အတန်းဖော်၊အတန်းဖော်ကနေ သူငယ်ချင်းဆက်ဆံရေးထိ တစ်ဆင့်စီရင်းနှီးကျွမ်းဝင်လာပြီးနောက်မှာ…အရင်မိခင်ဖြစ်သူဟာ ဖခင်ဆီကနေ လင်းယွီကျင့်ကို ပြန်ခေါ်ဖို့ ရောက်လာခဲ့ပါတော့တယ်မြို့သစ်ကိုစလာစဉ် မိုးသဲမဲစွာရွာနေတဲ့ထိုနေ့ …ပထမဆုံးမြင်လိုက်ရတဲ့လူတစ်ယောက်၊အတိုတောင်းဆုံးတဒဂလေးမှာတင် မှတ်ဉာဏ်ထဲ နေရာယူသွားခဲ့တဲ့ ထိုမျက်ဝန်းတစ်စုံ…ဒါတွေအားလုံးကို အဆုံးသတ်ဖို့ဖြစ်လာတဲ့အချိန်ရောက်လာတော့မယ့်အချိန်မှာတော့…