Painkiller FHD

Painkiller

Crime Drama FHD 2023-08-10 7.524

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နာကိုတစ် အကိုက်ခဲပျောက်ဆေးတွေနဲ့ အိုပီရိုက်တို့က အကိုက်အခဲဝေဒနာ ခံစားရသူတွေအတွက်ဆေးဝါးတစ်ခုအဖြစ် တစ်ချိန်တစ်ခါက သုံးစွဲခဲ့ကြပါတယ်။ ပါဒူးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အောက်ဆီကိုတင်ဆိုတဲ့ မူးယစ်ဆေးပါတဲ့ဆေးကိုဒေါ်လာဘီလီယံချီဝင်စေမယ့် ထုတ်ကုန်အဖြစ်ဖန်တီးခဲ့တယ်။ သူတို့က ဒီဆေးကို နာကျင်မှုအမျိုးမျိုးအတွက် စိတ်ချလက်ချသုံးနိုင်ပြီး အာနိသင်အကြာကြီးအစွမ်းပြတယ်လို့ ကြော်ငြာပြီး ရောင်းချတာဖြစ်ပါတယ်။ လူတွေက ဆရာဝန်တွေဆိုရင် ယုံကြတာမလို့ ကုမ္ပဏီဘက်က ဆရာဝန်တွေကို သူတို့ဆေးညွှန်းအောင်လို့ နည်းအမျိုးမျိုးနဲ့ သိမ်းသွင်းပါတယ်။ အညွှန်းများတဲ့ ဒီဆေးဟာ မကြာခင်မှာပဲ လူတွေအကြား အရမ်းနာမည်ကြီးလာခဲ့ပါတယ်။ဒါပေမဲ့လည်း မူးယစ်ဆေးဝါးနှိမ်နှင်းသူတွေက အောက်ဆီရဲ့ စွဲလမ်းစေမှုနဲ့ အန္တရာယ်ကို သိသွားချိန်မှာ အဲဒီအလိမ်အညာဟာ ချက်ချင်းပေါ်လာခဲ့ပါတယ်။ဆရာဝန်တွေအပါအဝင် လူအများစုက ဒီဆေးကိုထောက်ခံနေကြတာမလို့ ဆေးရဲ့နောက်ကွယ်က မကောင်းတဲ့အခြမ်းကို ထုတ်ဖော်နိုင်မလား၊ကုမ္ပဏီဘက်ကရော အသာလေးငြိမ်ခံနေပါ့မလား၊ ဒီလိုမျိုး ဆိုးဝါးတဲ့ အမြတ်ထုတ်မှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာဒီဇာတ်ကားလေးထဲမှာပဲ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါ။

အပိုင်းများ

Season - 1