WWE လို နပန်းဖျော်ဖြေရေး ပွဲ တွေ ကြိုက်နှစ်သက်တဲ့Fan တွေ အတွက်တော့ လုံး၀ အကြိုက်တွေ့မယ့် စီးရီးပါဇတ်လမ်းပုံစံကတော့ DWL (နပန်းဖျော်ဖြေရေးရုံ) ကို စတင် တည်ထောင်ခဲ့သူKing Spade ရဲ့ သားကြီး ဖြစ်သူ Jack Spade ဟာ ဖခင်မရှိတော့တဲ့နောက်DWL ကို အတော်ကြီး ကြိုးစား ရုန်းကန် တောင့်ခံထားရပါတယ်နပန်းဖျော်ဖြေရေး ပွဲတွေ အတွက်လဲ ဇတ်ညွှန်းတွေ နဲ့ သွားရတာပါDWL ကို ဖခင်မရှိတော့တဲ့ နောက် နာမည်မပျက်အောင် မကျအောင်ကြိုးစားထိန်းသိမ်းရင်း ဇနီးဖြစ်သူ နဲ့ တိုင်ပင်ရင်း ရှေ့ဆက်နေခဲ့ပါတယ်ညီဖြစ်သူ Ace Spade မှာလဲ နပန်းသမားအသစ် ဖြစ်လာပြီးJake ရဲ့ ဇတ်ညွှန်းတွေကို သိပ်မလိုက်နာသူလဲ ဖြစ်ပါတယ်တဇွတ်ထိုးဆန်ပြီး ကိုယ့်ကိုကိုယ် အထင်ကြီးတက်သူ ဖြစ်လို့Jake ခေါင်းကိုက်ရတဲ့ အခိုက်တွေလဲ မနည်းပါဘူးအပြိုင်အဆိုင်များတဲ့ လောကဖြစ်ပြီး Jake ရဲ့ DWL ဟာထင်သလောက် နာမည် တက်မလာပါဘူးဒီတော့ ညီဖြစ်သူ Ace နဲ့ Jake ညီအကို နှစ်ယောက်ထိုးသတ်မယ့် ဇတ်ညွှန်းတစ်ခုကို လူစိတ်ဝင်စားအောင်စပြင်ပြီး ပွဲလာကြည့်သူ များကို ပိုစိတ်ဝင်စားစေရန်စီစဉ်ခဲ့သော အခါမှာတော့….မင်းသား Stephen Amell ကိုယ်တိုင်ကနပန်းပညာကို တတ်မြောက်ပြီးWWE/ROH/All In/AEW နပန်းဖျော်ဖြေရေးတွေမှာပါဝင်ထိုးသတ်ဖူးပါတယ်သရုပ်ဆောင်ပိုင်းမှာလဲ ပြောစရာမရှိအောင် ကောင်းမွန်လှတဲ့…နပန်းဖျော်ဖြေရေးတွေရဲ့ ဘဝရသစုံ ချိုချဉ်ငံစပ်ခါး အသွယ်သွယ်ကိုပီပြင်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ Heels ကို စတင် ကြည့်ရှုနိုင်ပါပြီ