An Ancient Love Song 古相思曲 FHD

An Ancient Love Song 古相思曲

Drama FHD 2023-06-22 8.3

ရှေးခေတ်မိဖုရားတစ်ပါးနဲ့ခေတ်သစ်စာရေးဆရာတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ……“ကျွန်တော်အရမ်းထူးဆန်းတဲ့အိပ်မက်တစ်ခုမက်ခဲ့တယ်အိပ်မက်ထဲကအမျိုးသမီးကိုဘယ်သူမှန်းမသိပေမယ့် သူကတော့ကျွန်တော့်ကိုဖောက်ထွင်းမတတ်စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်”ရှန်ပုယန်ဟာ (နန်ရှန့်ဒဏ္ဍာရီ)ဆိုတဲ့ မကျင့်ပျက်မိစ္ဆာမိဖုရားကြီးအကြောင်း ဝတ္ထုစာအုပ်ကိုထုတ်ဝေခဲ့ပြီးအောင်မြင်နေပါတယ်။ဒါပေမယ့် အယ်ဒီတာချုပ်ကဒုတိယပိုင်းကိုဆက်ရေးဖို့တောင်းဆိုလာတော့ အရမ်းရှေးကျလွန်းတဲ့အတွက်သမိုင်းအချက်အလက်အရမ်းနည်းတာကြောင့်ဘယ်လိုဆက်ရေးရမှန်းမသိဖြစ်နေပါတယ်။အဲဒီအချိန်မှာပဲ သူဟာမထင်မှတ်ပဲ တာ့ရှန့်ခေတ်ကိုရောက်သွားပြီးသူ့ဝတ္ထုထဲကဇာတ်ရုပ်ဖြစ်တဲ့ မိဖုရားဆိုးလုယွမ်းနဲ့ တွေ့ဆုံခဲ့ရတယ်။ရှန်ပုယန်က လုယွမ်းကိုမသိပေမယ့် လုယွမ်းကတော့ ရှန်ပုယန်ကိုရင်းနီးနေသလိုပဲ…..အပြင်မှာဆုံတွေ့ရတော့ လုယွမ်းက သူထင်သလိုမိဖုရားဆိုးမဟုတ်သလိုပါလား…..ဒီလိုနဲ့ရှန်ပုယန် တစ်ယောက်ဟာ မေးခွန်းပေါင်းများစွာနဲ့ အကြိမ်ကြိမ်အချိန်ခရီးသွားပြီးတာ့ရှန့်တိုင်းပြည်မှာတဝဲလည်လည်ဖြစ်ရင်း မိဖုရားဆိုးလုယွမ်းနဲ့ဘယ်လိုသံယောဇဉ်တွေငြိတွယ်ပြီးဘယ်လိုကံကြမ္မာတွေနဲ့ကြုံတွေ့ရမလဲဆိုတာ ဆက်အားပေးလိုက်ပါဦးနော်။