ဇာတ်လမ်းလေးအစမှာတော့ စောစောစီးစီး ခြုံတိုးချောင်းရိုက်လုပ်နေတဲ့ ကျောင်းသားလေးဟာဘေးမှာခွေးဟောင်နေလို့ ထကြည့်တော့ အလောင်းတစ်ခုကိုတွေ့လို့ ရဲဌာနကိုသတင်းပို့လိုက်ပါတယ်ရဲတွေရောက်ရှိစစ်ဆေးလိုက်တဲ့အခါမှာ သေသူက မင်္ဂလာပွဲအတွက် ယူကေကပြန်လာတဲ့ သတို့သားလောင်းဖြစ်ပြီးသူရဲ့သတို့သားအရံပါ တစ်ပါတည်းပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ် ဒီအမှုကိုတာဝန်ယူထားတဲ့ ရဲနှစ်ယောက်လဲ သဲလွန်စတွေကို တစ်စစီလိုက်ကောက်ရင်း သက်သေတွေပေါ်ပေါက်လာတဲ့အခါမှာသူတို့ဘဝကိုပါခြိမ်းခြောက်မှုတွေရှိလာတော့ ဘယ်လိုဆက်ဖြေရှင်းကြမလဲဆိုတာပရိသတ်ကြီးပဲ ဆက်ကြည့်ရှုခံစားကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်