ဇာတ်လမ်းကတော့ ဆေးရောင်းသမားရဲ့ ရည်းစား ဒိုလောရစ်တစ်ယောက် ဆေးရောင်းတဲ့သူက ထိုးကျွေးတာခံလိုက်ရလို့ ထောင် ၁၆ နှစ်ကျသွားတယ်။ လွတ်လာတဲ့အချိန် နေရပ်ကိုပြန်တော့ အရင်နဲ့မတူဘဲအကုန်ပြောင်းလဲသွားပြီး သူ့ရည်းစားကိုလည်း ရှာလို့မတွေ့တော့ပါဘူး။ လမ်းပေါ် အိပ်ရလုဆဲဆဲဖြစ်နေတဲ့အချိန်မှာ သိဟောင်းကျွမ်းဟောင်း အမ်ပါနာဒါ(ဖက်ထုပ်ကြော်နဲ့တူတယ်) ဆိုင်ပိုင်ရှင်ကခေါ်တင်ထားတယ်။ ဘဝသစ်စဖို့ ကြိုးစားနေတဲ့ ဒိုလောရစ် ဘာအတန်းပညာ အတတ်ပညာမှမရှိပေမဲ့ ထောင်ထဲက အခန်းဖော် လက်ပြတ်အနှိပ်သမဆီကနေ အနှိပ်ပညာတွေ ၁၆ နှစ်လောက်ပညာကုန်သင်လာပြီး ထောင်ထဲမှာ မှော်လက်လို့ နာမည်ကြီးဖူးတော့ မုန့်ဆိုင်အောက်မှာ အနှိပ်ခန်းဖွင့်ဖို့ လုပ်တယ်။ အပေါ်က မုန့်ဆိုင်၊ မြေအောက်ခန်းထဲမှာ အနှိပ်ခန်း ဖွင့်ထားတယ် အဲဒီတော့ကာ SweeneyTodd နဲ့ လူသားပေါက်စီကို ဆက်စပ်ကြည့်လိုက်တော့ ဘာဖြစ်မလဲဆိုတာ မှန်းမိလောက်ပါပြီ။ ကောင်းရောင်းကောင်းဝယ်နဲ့ ဘဝသစ်စဖို့ စဉ်းစားနေတဲ့ ဒိုလောရစ်တစ်ယောက် ပြဿနာတွေတစ်ခုပေါ်တစ်ခုဆင့်ပြီး ကြောက်စရာကောင်းတဲ့ အလုပ်တွေကို လုပ်မိလာတာကိုကြည့်ရင်း တစ်ချက်တစ်ချက်မှာ ဟားရမှာပါ။