Get Rich  เปิด/โรงเรียน/ปล้น FHD

Get Rich เปิด/โรงเรียน/ปล้น

Comedy Drama FHD 2023-07-05 8.3

ကျောင်းသားအရွယ်ကစလို့ နေရာမရွေး အချိန်မရွေး ငွေဆိုတဲ့အရာက စကားပြောတယ်လို့ပြောရင် ဘယ်သူမှ စောဒကတက်နိုင်မှာမဟုတ်ပါဘူး။ဒီ ဆင်းရဲချမ်းသာအလွှာနှစ်ခုကြားက ကွာခြားချက်ကို လက်တွေ့ခံစားနေရတာကတော့ ရိုဆာရင်းတို့ ပညာသင်ဆုကျောင်းသားတစ်သိုက်ပေါ့။ဆူရူထိုင်းကျောင်းဆိုတာ နိုင်ငံတွင်းမှာ အကျော်ကြားဆုံး အကောင်းဆုံးကျောင်းတွေထဲကတစ်ကျောင်း၊အဆက်အသွယ်များတဲ့ကျောင်းဖြစ်လို့ ရည်မှန်းချက်ကြီးတဲ့ ကျောင်းသားတွေအတွက် ဒီမှာတက်ရဖို့က အိပ်မက်တစ်ခုပေါ့။နာမည်ကြီးကျောင်းပီပီ စရိတ်စကများပြီးတော့ မိုးကျရွှေကိုယ်တွေလည်းမနည်းလှတဲ့ကျောင်းပါ။ဒါပေမဲ့ ဒီကျောင်းရဲ့အားသာချက်ကတော့ ထူးချွန်ကျောင်းသားတွေကို နှစ်စဉ်ပညာသင်ဆုချီးမြှင့်ခြင်းပါပဲ။ဒီလိုနဲ့ပဲ ပညာသင်ဆုနဲ့ ဆူရူထိုင်းကျောင်းကိုရောက်လာတဲ့ ရိုဆာရင်းတစ်ယောက် သဘောတူညီချက်လက်မှတ်ရေးထိုးရခါနီးမှပညာသင်ဆုဟာ ဆုကြေး၊ ထောက်ပံ့ကြေးဆိုတာထက် student loanနဲ့ မထူးမခြားနားဖြစ်နေတာကို သိလိုက်ရတဲ့ပေမဲ့ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေ အိမ်ရဲ့စာဝတ်နေရေးကြောင့် ရုန်းကန်နေရတဲ့အမေမျက်နှာနဲ့ လက်မှတ်ထိုးလိုက်တဲ့အခါ…မိုးကျရွှေကိုယ်တွေတက်တဲ့ သူဌေးကျောင်းမှာ ပညာသင်ဆုနဲ့ကျောင်းတက်မယ့် မျက်နှာမွဲရိုဆာရင်းတို့တစ်သိုက် ဘယ်လိုတွေခွဲခြားဆက်ဆံခံရမလဲ။ကျောင်းက‌ရော ပညာသင်ဆုကိုအကြောင်းပြပြီး ချို့တဲ့တဲ့ကျောင်းသားတွေကို အကြပ်ကိုင်ထားတဲ့အခါရိုဆာရင်းနဲ့ဆက်ဖ်တို့ ကျောင်းသားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ရပိုင်ခွင့်ကို ပြန်လည်ရယူဖို့ ဘယ်လိုကြိုးစားသွားမလဲ။ကိုယ့်ကိုပြိုင်ဘက်အနေနဲ့ သဘောထားပြီး အမျိုးမျိုးဖိနှိပ်ချင်နေတဲ့ သူဌေးသမီးလီလီကိုရောရိုဆာရင်းတစ်ယောက် ရင်ဆိုင်နိုင်ပါ့မလားဆိုတာ အားလုံးအတူ ကြည့်ရှုလိုက်ကြရအောင်ပါ။