Marvel's Jessica Jones FHD

Marvel's Jessica Jones

Drama Sci-Fi & Fantasy FHD 2015-11-20 7.5

ဇာတ်လမ်းအကျဉ်းအရ ၊ ရုံးအလုပ်ထွက်ပြီး အလွတ်စုံထောက်လုပ်နေတဲ့ ဂျက်ဆီကာ့ဆီကို သမီးဖြစ်သူဆီ အဆက်အသွယ်မရလို့ စိတ်ပူနေတဲ့မိဘနှစ်ယောက်လာရောက် အမှုအပ်ခဲ့ပါတယ်။ ထိုမှတဆင့်ဆက်စပ်သဲလွန်စတွေနဲ့ အမှုလိုက်ရင်း ပျောက်ဆုံးသွားတဲ့ကောင်မလေးကို ဖမ်းဆီးသွားတဲ့လူကို ရှာတွေ့သွားမိတဲ့အခါ…။ ကိုယ်လွတ်ရုန်းပြေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အပြစ်မဲ့သူ မိန်းကလေးကို ကယ်တင်ပြီးမှပြေးဖို့စိတ်ပြောင်းသွားတဲ့ ဂျက်ဆီကာဟာ ပျောက်ဆုံးနေတဲ့မိန်းကလေးကို အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အခြေအနေတွေ တစ်မျိုးတစ်ဖုံပြောင်းလဲသွားပြီးနောက်ဆက်တွဲကိစ္စတွေဖြစ်လာတဲ့အခါ..။ ဂျက်ဆီကာ ဂျုံးစ်ရဲ့ စုံထောက်စွမ်းရည်နဲ့ အမှုဖြေရှင်းနည်းတွေကို စီးရီး ၃ ခုစာ တစ်ဝကြီး ကြည့်ရှုရမှာပါ။ Marvel Comic book : Jessica Jones ကိုအခြေခံထားတဲ့ ဒီစီးရီးဟာ comic ဖတ်ထားတဲ့သူတွေကိုတော့ အပြည့်အဝ စိတ်ကျေနပ်စေမယ်လို့ အာမခံနိုင်မှာ မဟုတ်ပါဘူး။ Live action စီးရီးကိုတော့ စီးရီးလို့သာ ဖြည့်တွေးကြည့်ရှုကြဖို့ညွှန်းလိုက်ရပါတယ်။