Marvel's The Punisher FHD

Marvel's The Punisher

ဒီစီးရီးဘယ်လောက်ကြမ်းလဲဆိုတာ ထွေထူးတော့မိတ်ဆက်ပေးစရာမလိုလောက်…ဟိုးယခင်များဆီက ဒီစီးရီးကိုတင်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ CM မှာ အင်တာနက်အခက်အခဲကြောင့်ရော တခြားအခက်အခဲများကြောင့်ရောQuality ပိုင်းမှာ အတော်အားနည်းခဲ့ပါတယ်…အခုတော့Punisher ဖန်တွေအတွက် လုံးဝကြည်တောက်ရှင်းလေးပြန်တင်ဆက်ပေးထားပါတယ်…ဖရန့်ဆိုတဲ့သူဟာ မရိန်းစစ်သားတစ်ဦး…စစ်မြေပြင်မှာ  အထက်ကမသိဘဲ တစ်ချို့ကိစ္စတွေကအဆင်ပြေအောင်ပဲ ကိုယ့်ဖာသာရှင်းတတ်ကြတယ်..ဒီအချိန်မှာ ဖရန့်တို့အဖွဲ့ဟာ လူကောင်းတစ်ယောက်ကိုသတ်မိပြီးဒီသတင်းဟာလည်း ပေါက်ကြားသွားတယ်…ဒီကိစ္စကြောင့်ပဲ သူ့ရဲ့ မိန်းမနဲ့ ကလေး(၂)ယောက်သတ်ခံလိုက်ရတယ်…ဖရန့်တစ်ယောက် အကြီ:အကျယ်ပေါက်ကွဲပြီး မီးကုန်ယမ်းကုန်ကြမ်းပါတော့တယ်…အဲ့ဒီနောက်မှာတော့ မြို့ပြင်က အဆောက်အဦးတွေမှာအချိန်ပိုင်းအလုပ်သမားလေးအဖြစ် ခြေရာဖျောက်နေတယ်….သို့ပေမဲ့လည်း ပြဿနာတစ်ခုက ရှောင်လွှဲလို့မရတဲ့အခြေနေကြုံရတဲ့အခါမှာတော့….