Miracle Workers FHD

Miracle Workers

Comedy FHD 2019-02-12 6.948

ကမ္ဘာပေါ်က လူသားတွေဟာ ဘုရားသခင်ကို အယုံမကြည်ရှိသူတွေ များသထက်ပိုများလာပါတယ်။ လူ့အကြိုက် နတ်မလိုက်နိုင် ဆိုသလို လူတွေရဲ့ လိုအင်ဆန္ဒတွေကလည်း ဘုရားသခင်တောင် လက်မြှောက်အရှုံးပေးပြီး ထိုင်ကြည့်နေရပါတယ်။ဘုရားသခင်ဖြစ်သူက သူဖန်တီးထားတဲ့ လူသားကမ္ဘာကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့အခါမှာ အလုံးစုံဖျက်စီးလိုက်ဖို့ ကြေငြာလိုက်ပါတယ်။ ဒါကို ဆုတောင်းဖြည့်နတ်သူငယ်ရာထူးတာဝန်ယူထားတဲ့ အီဇီကရယ် ( Daniel Radcliffe ) နဲ့ အသစ်ဝန်လာတဲ့နတ်သူငယ်ဝန်ထမ်းလေး အလက်ဇန်းဒါးက လူသားမျိုးနွယ်ကို ကူညီကယ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆုတောင်းဖြည့်တာဝန်ယူထားရတယ်ဆိုပေမယ့် သူတို့ဆီကိုဆုတောင်းလာတဲ့ စာတွေက တစ်နေ့ကို သန်းနဲ့ချီရှိပေမယ့် ဖြည့်ပေးနိုင်တဲ့ဆုက ကားသော့ပျောက်လို့ ပြန်ရှာတွေ့ပါစေ ဒီနေ့မိုးမရွာပါစေနဲ့ စတဲ့ လွယ်ကူတဲ့ ဆုတောင်းလေးတွေကိုပဲ ဖြည့်ပေးလာခဲ့တာ နှစ်ပေါင်း ထောင်ချီရှိခဲ့ပါပြီ။ တစ်နေ့တော့ ဘုရားသခင်ဆီကို ကမ္ဘာကိုမဖျက်စီးဖို့သွားပြောပေမယ့် ဘုရားသခင်ကလောင်းကစားတစ်ခုနဲ့ကမ်းလှမ်းလိုက်ပါတယ်။ဒါကတော့ မဖြစ်နိုင်တဲ့ဆုတောင်းတစ်ခုကိုဖြည့်ပေးနိုင်ရင် ကမ္ဘာကြီးကိုချမ်းသာပေးမယ်ဆိုပြီးဖြစ်ပါတယ်။ အီဇီကီရယ်က မဖြစ်နိုင်တဲ့ဆုတောင်းတွေထဲကမှ သူ့အတွက်အဖြစ်နိုင်ဆုံးဖြစ်တဲ့ လူသားနှစ်ယောက်ကို ချစ်ကြိုးသွယ်ပေးဖို့ ဆုတောင်းကိုဖြည့်ပေးဖို့အတွက် နတ်သူငယ်မလေး အလန်ဇန်းဒါးနဲ့ လူ့ပြည်ကိုဆင်းလာခဲ့ပြီးစွန့်စားခန်းထွက်ရပါတော့တယ်။