D.P. FHD

D.P.

Crime Drama Action & Adventure FHD 2021-08-27 8.08

နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရဆိုတဲ့ဉပဒေကို ကိုရီးယားမှာပြဌာန်းထားတာအားလုံးသိကြမှာပါ….ထုံးစံအတိုင်းအသက်ပြည့်လို့  တာဝန်ထမ်းဆောင်ဖို့ စစ်ထဲရောက်လာကြတဲ့သူတွေရှိပါတယ်…စစ်တပ်ဆိုတာလည်းသိတဲ့အတိုင်း ဌာနဆိုင်ရာတွေများပြားလွန်းလှသလို တာဝန်အသီးသီးသယ်ပိုးရတာလည်းအများကြီးရှိပါတယ်…အခုမှစစ်ထဲဝင်တဲ့ အန်ဂျွန်ဟိုအတွက်တော့ထူးခြားတယ်ပြောရမှာပဲ…နိုင်ငံတိုင်းမှာ စစ်ပြေးတွေပြန်လည်ဖမ်းဆီးဖို့ သီးခြားဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုရှိကြတယ်…မြန်မာမှာဆိုရင်တော့ တပ်ထိန်းဖြစ်မလားပဲ…ဒီလိုအဖွဲ့အစည်းက သိရသလောက်ဖိုက်တာတွေနဲ့ဖွဲ့ထားတယ်ပြောတယ်….စစ်ပြေးတဲ့သူတွေကလည်း အခြေခံစစ်ပညာ တိုက်ရည်ခိုက်ရည်တွေရှိတော့ဖမ်းဆီးတဲ့နေရာမှာ သူတို့ထက် လက်စောင်းထက်ပြီး ဖိုက်တာကျနေနိုင်မှာအဆင်ပြေမှာမို့တော်ပေ့ ကြမ်းပေးဆိုတဲ့သူတွေနဲ့ဖွဲ့စည်းထားတယ်လို့ ဆိုတယ်… အန်ဂျွန်ဟိုတစ်ယောက်မမျှော်လင့်ဘဲ တပ်ထိန်းတပ်ဖွဲ့ထဲရောက်ပြီး မကြုံစဖူး ထိတ်လန့်စရာ တာဝန်တွေထမ်းဆောင်ဖို့ကြုံလာရတဲ့အခါမှာတော့…