Foundation FHD

Foundation

Drama Sci-Fi & Fantasy FHD 2021-09-24 7.904

ဇာတ်လမ်းအညွှန်းက​တော့ မ​ဝေး​တော့တဲ့အနာဂတ်မှာဖြစ်လာမယ့် Galactic Empireထဲကသင်္ချာပညာရှင် Hari Seldonဟာသူကျွမ်းကျင်တဲ့ Psychohistoryပညာရပ်မှတဆင့်ဒီEmpireကြီးဟာ ​နောက်လာမယ့် ရာစုနှစ်အတွင်း ပျက်​ဆီးခြင်းကပ်ဆိုက်​တော့မှာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်၊Psychohistroyဆိုတာက လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ အပြုအမူ​တွေက​နေ အနာဂတ်ကိုသင်္ချာနည်းနဲ့ကြိုတင်ခန့်မှန်းတဲ့ ပညာရပ်ပါ၊ ကောင်းတဲ့သူတတ်​မြောက်သွားရင်အကျိုးရှိသ​လောက်၊ မ​ကောင်းတဲ့သူ တတ်​မြောက်သွားရင် လူသားမျိုးနွယ်ကြီး ပျက်စီးမယ့်ကိန်းဆိုက်နိုင်တဲ့ ပညာပါအဲ့ဒီပျက်စီးခြင်းကပ် လူသား​တွေရဲ့အ​မှောင်ခတ် (Dark Age)ဟာ လုံးဝမလွှဲ​ရှောင်နိုင်ပဲကျိန်း​သေဖြစ်​ပေါ်လာပြီး နှစ်​ပေါင်း ၃၀၀၀၀အထိ ကြာမြင့်နိုင်တာ​ကြောင့်Hail Seldonတစ်​ယောက် အနှစ် ၁၀၀၀​​လောက်ပဲ ကြာမယ့်နည်းလမ်းကို စဉ်းစားရပါ​တော့တယ်၊သူ​တွေ့တဲ့အ​ဖြေက​တော့ လက်ရှိ​ခေတ်ရဲ့ဗဟုသုတ​တွေ၊ နည်းပညာ​တွေကို Dark Age ရောက်တဲ့အထိထိန်းသိမ်းထားနိုင်တဲ့ Foundationဆိုတဲ့အဖွဲ့ကြီးကိုတည်​ထောင်ဖို့ပါ၊ ဒီနည်းလမ်းနဲ့ပဲDark Ageရဲ့သက်တမ်းကို ချုံ့နိုင်မယ်လို့ယုံကြည်ထားတာပါ၊ဒီလိုနဲ့ပဲ Hail Seldonနဲ့ သူ့ရဲ့ဉာဏ်ကြီးရှင်တပည့်မ​လေး Gaal Dornickတို့ဟာEmpireသ​ဘောမတူတဲ့ကြားက​နေFoundationကို တည်ထောင်ဖို့ ကြိုးစားကြပါ​တော့တယ်တစ်ဖက်မှာလည်း Empireတို့ရဲ့ထုံးစံအတိုင်း Galaxy ထဲက တစ်နိုင်ငံနဲ့ တစ်နိုင်ငံစစ်ပွဲ​တွေ၊Psychohistory ပညာရပ်ကို လုယူဖို့ ကြံစည်သူ​တွေ၊Foundationကို ဖျက်ဆီးမယ့် ရန်စွယ်​တွေ စသဖြင့် ​ခေတ်လွန်သိပ္ပံဇာတ်လမ်း​ကောင်းတစ်ခုကိုApple Tv shows​တွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်၊VFX​ကောင်း​ကောင်း၊ Sound quality​ကောင်း​ကောင်းနဲ့ ခမ်းနားကြီးကျယ်စွာ ကြည့်ရှုခံစားရမှာပါ