ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀နှစ်က တိုင်းပြည်သစ္စာဖောက်မှုနဲ့ မှားယွင်းစွပ်စွဲခံခဲ့ရတဲ့ တိမိသားစုရဲ့ မျိုးဆက်တိကျစ်ယွမ်ဆိုတဲ့ သတ္တိခဲမလေးက ၁၀ နှစ်အကြာမှာတော့ပြည်သူတွေရဲ့ အေးချမ်းမှုကို ဖော်ဆောင်ပေးရင်း နန်းတွင်းကိုချဉ်းကပ်ဖို့ အကြံစည်နဲ့ ရန်အန်းလဲ့အဖြစ် တစ်ဖန်ပေါ်လာခဲ့ပါတယ်တိမိသားစုရဲ့ အပြစ်ကင်းစင်ကြောင်းကို ပြန်လည်ဖော်ထုတ်ဖို့အကြံရှိတဲ့သူမနဲ့ ပြည်သူတွေကို အလေးထားတဲ့ အိမ်ရှေ့စံမင်းသား ဟန်ယဲ့တို့ ၁၀ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံခဲ့ပါတယ်ငယ်စဉ်ကတည်းက ဘိုးတော်မင်းကြီးရဲ့အမိန့်နဲ့မင်းသားနဲ့ ကျစ်ယွမ်တို့က စေ့စပ်ထားတာပဲဖြစ်ပါတယ်ပြန်လည်ဆုံတွေ့ချိန်မှာတော့ မမှတ်မိခဲ့တဲ့မင်းသားကကျစ်ယွမ်ဆိုတဲ့ ကောင်မလေးအပေါ်မှာ သစ္စာရှိနေဆဲဖြစ်နေပြီးတိုင်းပြည်အတွက် အောင်မြင်မှု တစ်ခုလုပ်ဆောင်နိုင်ခဲ့တဲ့အန်းလဲ့ကတော့ အိမ်ရှေ့စံမိဖုရားနေရာကိုဆုအဖြစ်တောင်းခံခဲ့ရာမှာတော့ မင်းသားက ငြင်းဆိုခဲ့ပါတယ်…နောက်ပိုင်းတွေမှာ နှစ်ယောက်အတူတူ တိုင်းပြည်အတွက်ဘယ်လိုတွေ ပူးပေါင်း တိုက်ပွဲဝင်သွားမှာလဲသူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်မှာလဲအန်းလဲ့ကရော နောက်ဆုံးမှာ တိမိသားစုအတွက်တရားမျှတမှုကို ပြန်ရယူနိုင်မှာလားဆိုတာကိုတော့ မကြာခင် CM မှာတင်ဆက်ပေးတော့မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်နော်…..