ပေါ်တူဂီနိုင်ငံရဲ့ တစ်နေရာ အဇိုရီဆိုတဲ့မြို့ငယ်လေးက လူအိမ်ခြေအရမ်းနည်းပြီး တစ်မြို့လုံး ငါးဖမ်းတံငါအလုပ်နဲ့အသက်မွေးကြတာပါ။ အဲ့ဒီမှာ နေတဲ့ အက်ကွာဒေါ၊ ဆေးဗား၊ကာလင်ဟို နဲ့ ရာဖယ်တို့ သူငယ်ချင်း ၄ ယောက်က ဒီနေရာကြီးကနေ ထွက်သွားကာ အမေရိကန်ကိုသွားပြီး အမေရိကန်အိမ်မက်မက်နေတဲ့ လူငယ်လေး ၄ ယောက်ပေါ့။ ဒါပေမဲ့ လူတွေပြောနေကြစကားလိုပဲ အဇိုရီမှာကောင်းတာဘာမှ ဖြစ်မလာဘူးဆိုသလိုပဲ။သူတို့မြို့လေးကိုတော့ ကံကြမ္မာက ဘာတိုးတက်ရာတိုးတက်ကြောင်းမှ မျက်နှာသာမပေးခဲ့ပါဘူး။ တစ်နေ့တော့ အလှည့်ပြောင်းဖြစ်လာစေမယ့် အကြောင်းဖန်လာပါတယ်။ အီတလီကနေ အမေရိကန်ကိုတင်ပို့မယ့် ကိုကိန်းတွေအပြည့်တင်ထားတဲ့ မာဖီးယားဂိုဏ်းသားနှစ်ယောက်ဟာ ပင်လယ်မုန်တိုင်းမိပြီး အက်ကွာဒေါတို့ရဲ့ အဇိုရီမြို့လေးမှာ သောင်လာတင်ပါတယ်။ ကိုကိန်းတန်နဲ့ချီပါလာတဲ့ သင်္ဘောပျက်တာဆိုတော့ ကိုကိန်းထုတ်တွေဆိုတာ လမ်းဘေးကကျောက်ခဲတွေလို နေရာတကာမှာ ကောက်လို့ရပါတယ်။ဒီအခွင့်အရေးကို အက်ကွာဒေါတို့တစ်အုပ်ကမြင်ပြီး အမေရိကန်သွားနိုင်မယ့် အခွင့်အရေးအဖြစ်အသုံးချပါတော့တယ်။ ဒါဟာငြိမ်းချမ်းနေတဲ့ သူတို့ဘဝထဲကို ဒီအခွင့်အရေးတစ်ခုရောက်လာပေမယ့် နောက်ဆက်တွဲ အန္တရာယ်တွေပါ အများကြီးဝင်လာတာဖြစ်ပါတယ်။ အဲတော့သူတို့ ၄ ယောက်အိမ်မက်တွေကို စွန့်စားခန်းတွေကြားက အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲမှာဆက်လက်စောင့်ကြည့်သွားကြပါဦး။